Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , မိသားစုတွေနဲ့အတူ ဂျယ်ဂျူကျွန်းကို အပန်းဖြေခရီးထွက်ခဲ့တဲ့ Rain နဲ့ ကင်မ်တေဟီး

မိသားစုတွေနဲ့အတူ ဂျယ်ဂျူကျွန်းကို အပန်းဖြေခရီးထွက်ခဲ့တဲ့ Rain နဲ့ ကင်မ်တေဟီး

| No comment


Rain နဲ့  ကင်မ်တေဟီးတို့ အနုပညာရှင်စုံတွဲကတော့ အတူတူအပန်းဖြေဖို့အတွက် ဂျယ်ဂျူကျွန်းကို ရောက်နေတယ်လို့ သတင်းတစ်ခုကဖော်ပြပြီးနောက်မှာ Rain ရဲ့ အေဂျင်စီက ကိုယ်စားလှယ်တစ်ယောက်က “Rain နှင့် Kim Tae Hee တို့က မိသားစုနှင့် သူငယ်ချင်းတွေနှင့်အတူ ၂ ညအိပ် ၃ ရက် ဂျယ်ဂျူကျွန်းကိုသွာတာပါ” လို့ အတည်ပြုပေးခဲ့ပါတယ်။

ကိုယ်စားလှယ်က ဆက်လက်ပြီး “ဒီခရီးပြီးရင် Rain က မေည ၁၉ ရက်မှာ မလေးရှားနိုင်ငံမှာ ဖျော်ဖြေရေးလုပ်ဖို့သွားရမှာပါ။ ဒါကြောင့် အနားယူပြီး အပန်းဖြေဖို့ ဆုံးဖြတ်လိုက်တာပါ။ အကြောင်းထူးမရှိပါဘူး။ နှစ်ယောက်လုံး အလုပ်တွေရှုပ်နေတာကြောင့် လက်ထပ်ဖို့ကိစ္စတွေ မပြောဖြစ်သေးပါဘူး” လို့ပြောပြခဲ့ပါတယ်။

အစောပိုင်းသတင်းပို့ချက်အရ အဆိုတော်နှင့် သရုပ်ဆောင် Rain နှင့် မင်းသမီး  ကင်မ်တေဟီးတို့ဟာ မိသားစုနဲ့အတူ ဂျယ်ဂျူကျွန်းသို့ မေလ ၁၅ ရက်မှာထွက်ခွာခဲ့ပြီး သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ တည်းခိုပါတယ်။ ဒေသခံတွေက သူတို့စုံတွဲကို တိတ်ဆိတ်ငြိမ်သက်တတဲ့နေရာမှာ အချိန်ဖြုံးနေတာကိုတွေခဲ့ပါတယ်။ “လူများတဲ့နေရာတွေကိုမသွားဘဲ သက်သောင့်သက်သာနှင့် အပန်းဖြေလို့ရတဲ့နေရာတွေမှာ တွေကြပါတယ်။ သူတို့ကိုကြည့်ရတာ အရမ်းပျော်ရွှင်နေတဲ့ စုံတွဲလေးပါပဲ”

Rain နှင့် Kim  ကင်မ်တေဟီးတို့ကတော့ သူတို့နှစ်ယောက်တွဲနေတယ်ဆိုတာကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ အတည်ပြုပြီး အဲဒီကတည်းက တွဲလာတာပါ။ သူတို့ရဲ့ ကျော်ကြားမှုနှင့် အသက်အရွယ်ကြောင့် လက်ထပ်တော့မယ်ဆိုတဲ့ ကောဟာလတွေအမြဲထွက်နေပြီး Rain ကို အနာဂတ်မှာ လက်ထပ်မယ့်သတင်းရှိရင် ပရိသတ်တွေကို တိုက်ရိုက်ပြောပါမယ်လို့ ပြောစေခဲ့ပါတယ်။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Soompi