Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Rita Ora က The X Factor အစီစဉ်သစ်မှာ ဆက်လက်ပါဝင်မည်မဟုတ်

Rita Ora က The X Factor အစီစဉ်သစ်မှာ ဆက်လက်ပါဝင်မည်မဟုတ်

| No comment

အသက် ၂၅ နှစ်အရွယ် ဗြိတိန်အဆိုတော Rita Ora က ၂၀၁၅ ခုနှစ် Season 12 မှာ ဒိုင်အဖြစ်ပါဝင်ခဲ့ပေမယ့် ITV ရဲ့The X Factor အစီစဉ်အသစ်မှာ ဆက်လက်ပါဝင်မည်မဟုတ်ဟု အင်္ဂါနေ့က Tweeter မှာ ရေးသားထားခဲ့ပါတယ်။

 “ ပြီးခဲ့တဲ့နှစ်က @TheXFactor မှာ ပါဝင်ခဲ့ပြီး တစ်ဖွဲ့လုံးကိုသတိရနေတော့မှာပါ…@simoncowell ရေ ရှင်နဲ့ အလုပ်တူတူပြန်လုပ်ဖို့ မစောင့်နိုင်တော့ဘူး.. အတွေ့အကြုံသစ်တွေနဲ့ မေတ္တာတွေပေးခဲ့လို့ ကျေးဇူးအများကြီး တင်ပါတယ် “ လို့လည်း အစီစဉ်ဖန်တီးထုတ်လုပ်သူ Simon Cowell ကိုလည်း ကျေးဇူးတင်ကြောင်း ရေးသားထားပါသေးတယ်။

 “ Rita က ပြီးခဲ့တဲ့နှစ် ပွဲမှာ စွမ်းအင်အပြည့်နဲ့ ပါဝင်ခဲ့တာဖြစ်ပြီး ပြောင်မြောက်တဲ့အလုပ်တွေ လုပ်ပေးသွားပါတယ်။ ကျွန်တော်တို့အားလုံး သူ့အတွက် အကောင်းဆုံး ဂီတအနုပညာနဲ့ ရုပ်ရှင်အစီအစဉ်တွေ ရရှိပိုင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ် “ လို့ BBC သတင်းဌာနကို ITV က ပြောကြားထားပါယ်။


( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI