Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , Taecyeon နှင့် Kwon Yool က Kim So Hyun နှင့်အတူ တစ္ဆေဇာတ်လမ်းတွဲ ရိုက်ကူးမည်ဖြစ်

Taecyeon နှင့် Kwon Yool က Kim So Hyun နှင့်အတူ တစ္ဆေဇာတ်လမ်းတွဲ ရိုက်ကူးမည်ဖြစ်

| No comment


2PM အဖွဲ့ဝင် Taecyeon နှင့် သရုပ်ဆောင် Kwon Yool တို့က မင်းသမီး Kim So Hyun နှင့်အတူ tvNရုပ်သံအတွက်  Webtoon ကို ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးမည့် “Let’s Fight Ghost” (ယာယီအမည်) ပါဝင်မှာဖြစ်ပါတယ်။ သရုပ်ဆောင်တွေရွေးချယ်ပြီးတဲ့သတင်းကို tvNရုပ်သံက မေလ ၄ ရက်မှာ အတည်ပြုခဲ့ပါတယ်။

လူကြိုက်များတဲ့ Webtoon ကို အခြေခံထားတဲ့ “Let’s Fight Ghost” ဇာတ်လမ်းတွဲဟာ ထိတ်လန့်စရာ၊ ရယ်စရာ နှင့် အချစ်ဇာတ်လမ်း
တို့ကိုပေါင်းစပ်ထားပါတယ်။ Kim So Hyun က မတော်တဆမှုတစ်ခုမှာ သေဆုံးသွားပြီး တစ္ဆေဖြစ်သွားတဲ့ အထက်တန်းကျောင်းသူ အဓိက
အမျိုးသမီးဇာတ်ဆောင် Kim Hyun Ji အဖြစ်၊ Taecyeon က အမျိုးသားဇာတ်ဆောင် ပယောဂဆရာ Park Bong Pal အဖြစ်၊ Kwon Yool က တိရစ္ဆာန်ဆေးကုဆရာဝန် ပါမောက္ခ နှင့် ဆေးရုံဒါရိုက်တာဖြစ်ပြီး တစ်ခုခုကိုဖုံးကွယ်ထားတဲ့ပဟေဠိဆန်တဲ့ဇာတ်ကောင် Joo Hye Sung အဖြစ် အသီးသီးပါဝင်ထားပါတယ်။

ဒီဇာတ်လမ်းတွဲကို မကြာခင်မှာစတင်ရိုက်ကူးဖို့မျှော်မှန်းထားပြီး ဇူလိုင်လထဲမှာ စတင်ထုတ်လွှင့်မှာပါ။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Soompi