Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Thor: Ragnarok ဇာတ်ကားမှာ ပါဝင်မယ့် သရုပ်ဆောင်များအတည်ပြု

Thor: Ragnarok ဇာတ်ကားမှာ ပါဝင်မယ့် သရုပ်ဆောင်များအတည်ပြု

| No comment

လာမယ့် Thor: Ragnarok ဇာတ်ကားမှာပါဝင်မယ့် သရုပ်ဆောင်တွေရဲ့ စာရင်းကတော့ အခုလိုပဲထွက်ပေါ်လာပါတယ်။ အတွေ့အကြုံနဲ့အရည်အချင်းရှိပြီးသား သရုပ်ဆောင်တွေက ဒီဇာတ်ကားမှာ အကောင်းဆုံး ပါဝင်အားဖြည့်သွားတော့မှာဖြစ်ပါတယ်။

ထပ်ဆင့်အော်စကာဆုရှင် Cate Blanchett (Blue Jasmine, Cinderella) က လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှတဲ့ ဗီလိန်သစ် Hela အဖြစ်၊ Jeff Goldblum (Jurassic Park, Independence Day: Resurgence) က အများနှင့်မတူပဲ ထူးဆန်းသော Grandmaster အဖြစ်၊ Tessa Thompson (Creed, Thelma) က ဂန္တဝင်လူစွမ်းကောင်း Valkrie အဖြစ် ပိတ်ကားပေါ်မှာ အသက်သွင်းပေးမှာဖြစ်ပြီး Karl Urban (Star Trek, The Lord of the Rings: Return of King) က Skurge အဖြစ် သူ့ရဲ့ ကြီးမားလှတဲ့ ခွန်အားကို တိုက်ပွဲတွင်ပေါင်းထည့်ပေးသွားမှာဖြစ်ကြောင်း Marvel Studios ကတရားဝင်အတည်ပြုလိုက်ပါတယ်။

 ဒါ့အပြင် Mark Rufflo ကလည်း Bruce Banner/The Hulk အဖြစ်ပြန်လည်ပါဝင်လာမှာဖြစ်တယ်လို့ Marvel ကအတည်ပြုလိုက်ပါတယ်။

“ကျော်ကြားတဲ့ Thor ဇာတ်လမ်းတွဲရဲ့ အဆက်ကတော့ အစွမ်းထက်ပြီး တစ်မူထူးခြားမှာပါ။ Cate၊ Jeff၊ Tessa၊ Karl နှင့် Mark တို့ ထပ်ပြီးအားဖြည့်လိုက်တော့ ခုချိန်ထိ သူ့ရဲ့ အန္တရာယ်အရှိဆုံးနှင့် သူရဲကောင်းအပီသဆုံး စွန့်စားခန်းကို တည်ဆောက်နေတာဖြစ်သွားပါတယ်။ ဒီသရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ ပင်ကိုပါရမီသက်သက်နဲ့တင် တိုင်တာလို့မရလောက်အောင် တန်ဖိုးရှိပါတယ်။ သူတို့ထဲက တစ်ယောက်ယောက်က Marvel Cinematic Universe မှာပါဝင်မယ်ဆိုရင်တောင် ဂုဏ်ယူရမှာပါ။ အားလုံးကပါမယ်ဆိုတော့ မယုံနိုင်လောက်အောင်ပါပဲ” လို့ ထုတ်လုပ်သူ Kevin Feige ကပြောပါတယ်။

ခေါင်းစဉ်ဇာတ်ကောင်နေရာကနေ ၅ကြိမ်မြောက်ပါဝင်မယ့် Chris Hemsworth၊ Thor ရဲ့မွေးစားညီ ရန်ဘက် Loki အဖြစ် Tom Hiddleston၊ Asgardian ကင်းစောင့် Heimdall အဖြစ် ရွှေကမ္ဘာလုံးဆုနှင့် Screen Actors Guild Award ဆုရှင် Idris Elba၊ Asgard ရဲ့ဘုရင် Odin အဖြစ် အကယ်ဒမီဆုရှင် Sir Anthony Hopkins တို့နှင့်အတူ Thor ဇာတ်ကားရဲ့ သရုပ်ဆောင်သစ်တွေက ပူးပေါင်းပါဝင်မှာပါ။ Jaimie Alexander ကလည်း Lady Sif အဖြစ်ပြန်လည်ပါဝင်မည့်အကြောင်း Twitter မှာရေးသားခဲ့ပါတယ်။

Marvel ရဲ့လူကြိုက်များတဲ့ Norse Super Hero ဇာတ်လမ်းတွဲရဲ့၃ကားမြောက်ဖြစ်တဲ့ Thor: Ragnarok ဇာတ်ကားကို အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ Taika Waititi (Two Cars, One Night, What We Do in the Shadow) ကရိုက်ကူးမှာဖြစ်ပြီး Kevin Feige က Louis D’Esposito၊ Brad Winderbaum၊ Victoria Alonso၊ Thomas M. Hammel နှင့်Stan Lee တို့နှင့်အတူ ထုတ်လုပ်မှာဖြစ်ပါတယ်။

Thor: Ragnarok ဇာတ်ကားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။



( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Comingsoon