Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Transformers: The Last Knight ဇာတ်ကားအတွက် စကားဝှက်ပါဝင်သည့် teaser ထွက်ရှိ

Transformers: The Last Knight ဇာတ်ကားအတွက် စကားဝှက်ပါဝင်သည့် teaser ထွက်ရှိ

| No comment

အန္တရာယ်ရှိတဲ့တစ်စုံတစ်ရာဟာ Autobots တွေဆီကိုလာနေပါပြီ။ ၅ ကားမြောက် Transformers  ဇာတ်ကား တရားဝင်အမည်နှင့် ပထမဆုံးပုံတို့ကို ဖော်ပြပြီးနောက်မှာ  Paramount က စကားဝှက်ပါဝင်သည့် teaser နှင့်အတူ ကြော်ငြာလုပ်ငန်းစဉ်တွေကိုစတင်လိုက်ပါပြီ။

“အန္တရာယ်ရှိတဲ့တစ်စုံတစ်ရာ လာနေပါပြီ” ဆိုတဲ့ စာသားနှင့်အတူ U.S. State Department က ပြဲနေတဲ့ဖိုင်ပုံစံနှင့် တတီတီမြည်သံတွေပါတဲ့
ကြော်ငြာတစ်ခုထွက်ရှိလာပါတယ်။ မှတ်တမ်းရဲ့အောက်ခြေမှာ “File No. 21.63”  ဆိုတဲ့စာသားနှင့်အတူ ပျက်စီးနေတဲ့ ရက်စွဲတစ်ခုပါဝင်ပါတယ်။

ScreenRant ရဲ့ပြောပြချက်အရ တတီတီမြည်သံဟာ morse code အရ “မေလ ၃၁ ရက်မှာ လာမယ်” လို့အဓိပ္ပာယ်ရပါတယ်။

ဒါရိုက်တာ Michael Bay က Cuba မှာ Transformers: The Last Knight ဇာတ်ကားကို စတင်ရိုက်ကူးနေပါပြီ။ သရုပ်ဆောင်တွေကတော့ Cade Yeager အဖြစ် Mark Wahlberg၊ Lieutenant Colonel Lennox အဖြစ် Josh Duhamel နှင့် Isabela Moner တို့ပါဝင်ပါတယ်။
အခုချိန်မှာ ဇာတ်လမ်းအသေးစိတ်မသိရသေးပေမယ့် လွန်ခဲ့တဲ့ ၁နှစ် ၂နှစ်လောက်က Bay က EW ကိုပြောပြခဲ့တာကတော့ Age of Extinction ဇာတ်ကားထဲမှာ Lockdown ကိုဖြတ်ပျံသွားတဲ့ The Knights’ Temenos လို့ခေါ်တဲ့ ယာဉ်ဟာ ဘာတွေဖြစ်လာမလဲဆိုတဲ့ သဲလွန်စဖြစ်ပါတယ်။

“Lockdown ရဲ့ယာဉ်ဟာ တခြားဇာတ်ကားတွေ အဓိပ္ပာယ်တွေအများကြီးရှိပါတယ်။ ဒီမှာမဖော်ပြထားတဲ့ အဲ့ဒီယာဉ်နဲ့ပတ်သက်တဲ့ နောက်ခံဇာတ်လမ်းတွေအများကြီးရှိသေးတယ်” လို့ပြောခဲ့ပါတယ်။

ဒီဇာတ်ကားကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာပြသမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ၂၀၁၈ ခုနှစ် ဇွန်လ ၈ ရက်မှာ Transformers 6 နှင့် ၂၀၁၉
ခုနှစ် ဇွန်လ ၂၈ ရက်မှာ Transformers 7 တို့ကိုပြသသွားမှာပါ။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : EW