Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Wolverine 3 ဇာတ်ကား R rating ဖြစ်ကြောင်း အတည်ပြု

Wolverine 3 ဇာတ်ကား R rating ဖြစ်ကြောင်း အတည်ပြု

| No comment


လာမည့် Wolverine 3 ဇာတ်ကားအတွက် သရုပ်ဆောင်များ ဆက်လက်ထွက်ပေါ်လာတာနှင့်အမျှ ဇာတ်ကားနှင့် ပတ်သက်ပြီး အရေးပါတဲ့ သတင်းဖြစ်တဲ့ အရင်ကကောလဟာထွက်ထားသလို ဇာတ်ကားဟာ R rating ဖြစ်မယ်ဆိုတာသာမက ရိုက်ကူးရေးစတင်နေပြီးဆိုတာကိုလည်း ထုတ်လုပ်သူ Simon Kinberg က Collider ကို အတည်ပြုပေးခဲ့ပါတယ်။

“ကျွန်တော် ဒီဇာတ်ကားနှင့် ပတ်သက်ပြီး ဘယ်အချက်ကိုပြောပြလို့ရမယ် ဘယ်အချက်ကိုပြောပြလို့မရဘူးဆိုတာ မသေချာပါဘူး။ Patrick Stewwart ပါဝင်မယ်လို့ ကောလဟာထွက်ထားတာ သဘောတူပါတယ်။ အနာဂတ်ကာလမှာ အခြေတည်ထားတယ်၊ တခြားသူတွေသတင်ပို့ထားသလိုပဲ R-rated ဇာတ်ကားဖြစ်မယ်။ ကြမ်းတမ်းမယ်၊ ကောင်းဘွိုင်ဆန်တဲ့ ဇာတ်ကားမျိုးဖြစ်မယ်။ အရမ်းမိုက်ပြီးတော့ ထူးခြားတဲ့ ဇာတ်ကားပါ” လို့ Kinberg ကပြောပါတယ်။

လက်ရှိပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Hugh Jackman နှင့် Patrick Stewart တို့က Wolverine နှင့် Professor Charles Xavier အဖြစ်အသီးသီးပါဝင်ထားပါတယ်။ သူတို့နှင့်အတူ ပါဝင်မည့်သူတွေကတော့ Boyd Holbrook၊ Stephen Merchant၊ Richard E. Grant၊ Eriq La Salle နှင့် Elise Neal တို့ဖြစ်ပါတယ်။ the mutant X-23 ပါဝင်မယ်လို့လည်းကြားရပါတယ်။ David James Kelly ရဲ့ဇာတ်ညွှန်းကို James Mangold ကရိုက်ကူးမှာပါ။

Mangold အရင်ကရိုက်ကူးခဲ့တဲ့ The Wolverine ဟာရုံတင်ပြသပြီးနောက်မှာ home media အတွက် နောက်ထပ် R-rated ထွက်ရှိလာခဲ့ပါတယ်။ DeadPool (လက်ရှိမှာ ဝင်ငွေအကောင်းဆုံး X-Men နှင့် R-rated ဇာတ်ကား) ရဲ့အောင်မြင်မှုနောက်ကိုလိုက်ပြီးတော့ သွေးသံရဲရဲ နှင့် ဇာတ်ကောင်ကို ရုံတင်ပြသမယ်ဆိုတာ အံ့ဩစရာတော့မဟုတ်ပါဘူး။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Coming Soon