Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ‘X-Men : Apocalypse’ ရုပ်ရှင်ပွဲဦးထွက်ပြသတဲ့ပွဲမှာ ခလုတ်တိုက်ခဲ့ပြန်တဲ့ ဂျနီဖာလောရင့်စ်

‘X-Men : Apocalypse’ ရုပ်ရှင်ပွဲဦးထွက်ပြသတဲ့ပွဲမှာ ခလုတ်တိုက်ခဲ့ပြန်တဲ့ ဂျနီဖာလောရင့်စ်

| No comment


Jennifer Lawrence (ဂျနီဖာလောရင့်စ်) ကတော့ လူအများရှေ့မှာ နောက်ထပ်တစ်ကြိမ် ကမောက်ကမ ဖြစ်ခဲ့ပြန်ပါပြီ။ ‘X-Men : Apocalypse’ ရုပ်ရှင်ပွဲဦးထွက်အနေနဲ့ လန်ဒန်မြို့မှာ ပြုလုပ်ခဲ့ပြီး ဒီပွဲမှာ ဂျနီဖာလောရင့်စ်တစ်ယောက် အရင်ဖြစ်နေကျအတိုင်း ထပ်မံဖြစ်ပွားခဲ့တာပါ။

 အသက် ၂၅ နှစ်အရွယ် မင်းသမီးဟာဆိုရင်တော့ ငွေဖြူရောင် ဝတ်စုံနဲ့ ဒီပွဲကို တက်ရောက်လာခဲ့တာဖြစ်ပြီး သူမရဲ့ အလှတရားတွေကို အကောင်းဆုံး ဖော်ထုတ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကံဆိုးချင်တော့ သူမက လမ်းမြန်မြန်လျှောက်တဲ့အချိန်မှာ ဟန်ချက်ပျက်ပြီး ခလုတ်တိုက်မိခဲ့တာဖြစ်ပါတယ်။

ခလုတ်တိုက်သွားချိန်မှာ ဂျနီဖာဟာ ဘေးမှာလမ်းလျှောက်နေတဲ့ မိန်းမတစ်ယောက်ရဲ့ ပုခုံးကို အချိန်မီလှမ်းဆွဲလိုက်လို့သာ ရုပ်ပျက်ဆင်းပျက် ချော်လဲမှုမဖြစ်ခဲ့တာပါ။

ဂျနီဖာလောရင့်စ်ဟာ ကောဇောနီတွေပေါ်မှာ အမြဲတမ်းချော်လဲတတ်တာကြောင့် နာမည်ကြီးတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး ၂၀၁၅ နိုဝင်ဘာလအတွင်းက “The Hunger Game : Mockingjay-Part 2” ဇာတ်ကား ပွဲဦးထွက်အဖြစ် မက်ဒရစ် မြို့မှာ ပြသစဉ်ကလည်း ချော်လဲတဲ့ ပြဿနာဖြစ်ပွားခဲ့ဖူးပါတယ်။

ဂျနီဖာလောရင့်စ်ရဲ့ နာမည်ကျော်ခဲ့တဲ့ ချော်လဲတဲ့ဖြစ်ရပ်ကတော့ 2013 အော်စကာဆုပေးပွဲမှာ “Silver Lining Playbook” ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတက်ယူစဉ် လှေကားထစ်တွေပေါ်မှာ ကမောက်ကမ ချော်လဲခဲ့တဲ့ဖြစ်ရပ် ဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz