Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / X-Men ဇာတ်ကားအတွက် လူရွေးပွဲဝင်ဖို့ သွားစဉ်မှာ အချုပ်ခန်းထဲ ခဏဝင်ခဲ့ရတဲ့ ဂျနီဖာလော့ရင့်စ်

X-Men ဇာတ်ကားအတွက် လူရွေးပွဲဝင်ဖို့ သွားစဉ်မှာ အချုပ်ခန်းထဲ ခဏဝင်ခဲ့ရတဲ့ ဂျနီဖာလော့ရင့်စ်

| No comment

သရုပ်ဆောင်တွေဟာ သူတို့အလုပ်အတွက် အစွန်းရောက်တာတွေကို အမြဲလုပ်ရလေ့ရှိပါတယ်။ ဒါပေမယ့် Jennifer Lawrence (ဂျနီဖာလော့ရင့်စ်) လုပ်ခဲ့တဲ့ အစွန်းရောက်တာကတော့ အဆန်းပါပဲ။ X-Men: First Class ဇာတ်ကားအတွက် လူရွေးပွဲဝင်ဖို့ သွားစဉ်မှာ လုပ်ခဲ့တဲ့ကိစ္စကြောင့် အမှန်တကယ် အချုပ်ခန်းထဲမှာနေခဲ့ရတာကြောင့်ပါ။

ဂျနီဖာက တစ်လောက The Graham Norton Show မှာပါဝင်ခဲ့ပြီး Mystique ဇာတ်ကောင်အတွက် လူရွေးပွဲဝင်ဖို့ အင်္ဂလန်ကိုသွားစဉ်ကအကြောင်းကိုပြောပြခဲ့ပါတယ်။ အဲဒီအချိန်က သူ့ passport က ရက်လွန်ဖို့အရမ်းနီးကပ်နေပြီး work visa လည်းမရှိပါဘူး။


ဂျနီဖာက သူ့ရဲ့ အတွေ့အကြုံကို အခုလိုပဲ ဝေမျှခဲ့ပါတယ်။
 “သူတို့က ‘ဘာပဲလုပ်လုပ် ဒီကိုအလုပ်ကိစ္စနဲ့လာတယ်ဆိုတာ မပြောပါနဲ့။ မဟုတ်ရင် work visa တောင်းလိမ့်မယ်။  အလည်လာတယ်လို့ပဲပြောပါ။’ လို့ပြောခိုင်းပါတယ်။  ဒီတော့ ကျွန်မလည်း ‘ဘုရားရေ customs officer ကိုညာပြောရတော့မယ်’  ဆိုပြီးတန်းစီရင်းနဲ့ ကိုယ့်ကိုယ်ကို အသင့်ပြင်ထားပြီး ‘ဟုတ်ပြီ၊ ယုံကြည်လောက်တဲ့ နောက်ခံဇာတ်လမ်းရှိမှဖြစ်မယ်’” ဆိုပြီး သူ့မောင်လေးက Wimbeldon မှာ မင်္ဂလာဆာင်မှာဖြစ်လို့ လာတာဖြစ်ကြာင်း customs ကိုပြောလိုက်ပါတယ်။

အသိသာကြီးပဲ ဘယ်သူမှမယုံကြပါဘူး။ နောက်ဆုံးတော့ အလုပ်ကိစ္စနှင့် လာတယ်ဆို ဝန်ခံလိုက်ရပါတယ်။ “သူတို့ ကျွန်မ အလုပ်ရှင်ကို ဖုန်းခေါ်နေတုန်းမှာ အချုပ်ခန်းလေးထဲမှာ ၅ နာရီလောက်ထိုင်နေခဲ့ရတယ်။ သိမ်ငယ်တယ်လို့ ခံစားခဲ့ရတယ်။” လို့ ဂျနီဖာက ပြောပြပါတယ်။ အဖမ်းခံရတာတော့ မဟုတ်ပါဘူး။

သရုပ်ဆောင်ခွင့်လည်းရလိုက်ပြီး နောက်ထပ် X-Men ဇာတ်ကား ၂ ကားမှာလည်းပါဝင်ရတယ်ဆိုတော့ အားလုံးအဆင်ပြေသွားပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Teen Vogue