Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , , လီယမ်ဟမ်းစ်ဝက်သ်က မိုင်လီဆိုင်းရပ်စ်နဲ့ အချစ်ရေးကို ဖွင့်ဟပြောကြား

လီယမ်ဟမ်းစ်ဝက်သ်က မိုင်လီဆိုင်းရပ်စ်နဲ့ အချစ်ရေးကို ဖွင့်ဟပြောကြား

| No comment

လွန်ခဲ့တဲ့ ၃ နှစ်က စေ့စပ်ထားတာကိုဖျက်သိမ်းလိုက်တဲ့အချိန်က Liam Hemsworth (လီယမ်ဟမ်းစ်ဝက်သ်)နှင့် Miley Cyrus (မိုင်လီဆိုင်းရပ်စ်)က အရမ်းလျှို့ဝှက်ခဲ့ကြပေမယ့် အခုချိန်မှာတော့ Liam က ဘာတွေဖြစ်ခဲ့တယ်ဆိုတာနှင့် အခုဘယ်အခြေအနေရောက်နေတယ်ဆိုတာကို ဖွင့်ပြောလာပါတယ်။

GQ Australia နှင့် အင်တာဗျူးမှာ သူတို့ကငယ်သေးတာကြောင့် လမ်းခွဲဖို့လိုအပ်ခဲ့ကြောင်း  “ဟုတ်တာပေါ့ ဒါကခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ကျွန်တော်တို့က မတူညီတဲ့လမ်းကြောင်းကိုသွားနေကြတာဆိုတော့ အဲ့ဒီလိုပဲဖြစ်သွားတယ်။ ကျွန်တော်တို့နှစ်ယောက်လုံး အရမ်းငယ်သေးပြီး အဲ့ဒီတုန်းက ကောင်းမယ်ထင်တဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပါ။ ကျွန်တော်တို့နှစ်ယောက်လုံး အဲ့ဒီလိုလုပ်ဖို့လိုခဲ့ပါတယ်” လို့ Liam က ရှင်းပြခဲ့ပါတယ်။

၅ နှစ်လောက်တွဲခဲ့တဲ့စုံတွဲအတွက် အခုဘယ်လိုအခြေအနေရှိပါသလဲ?

“လူတွေက မှန်းဆမိကြမှာပါ။ သူတို့သိနေကြပါပြီ။ သူတို့က ငတုံးတွေမှမဟုတ်တာ။ ကျွန်တော်က တစ်ခုခုခံစားမိရင် ခံစားမိတဲ့အတိုင်း လုပ်လိုက်တာပါပဲ။ ကျွန်တော့်အတွက် မှန်ကန်မယ်ထင်ပြီး ကျွန်တော် လုပ်ချင်တဲ့ ကျွန်တော့်ကို ပျော်ရွှင်စေမယ့် ဆုံးဖြတ်ချက်မျိုးပဲ ကျွန်တော်ချတာပါ။ အဲ့ဒီထက်ပိုပြီး စိတ်မပူပါဘူး” လို့ Liam က ပြောပြခဲ့ပါတယ်။



( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : MTV