Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အော်လန်ဒိုပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့သူတွေကို ဂါရဝပြုခဲ့တဲ့ တေလာဆွစ်ဖ်

အော်လန်ဒိုပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့သူတွေကို ဂါရဝပြုခဲ့တဲ့ တေလာဆွစ်ဖ်

| No comment

တေလာဆွစ်ဖ်ကတော့ ရည်းစားဖြစ်သူ ကယ်လ်ဗင်ဟားရစ်နဲ့ ပြတ်စဲခဲ့ပြီး နှစ်ပတ်အကြာမှာပဲ နာမည်ကျော်မင်းသား တွမ်ဟစ်ဒယ်လ်စတန်နဲ့ ဆက်လက်ပြီး ရွှေလက်တွဲခဲ့ပါတယ်။ ဒီလို အချစ်ရေးမှာ ရည်းစားကိုးယောက်ကို အထည်လဲတွဲခဲ့တဲ့ အဆိုတော်ကို ဝေဖန်သံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

နာမည်ကျော်အဆိုတော် တေလာဆွစ်ဖ်ကတော့ ပရိသတ်တွေရဲ့ အမုန်းစကားသံတွေကို တစ်စုံတစ်ခု တုံ့ပြန်ခဲ့ခြင်းမရှိဘဲ သူ့ရဲ့ အပြုအမူလေးတွေကိုပဲ positive ဖြစ်အောင် ပြုလုပ်ပြီးနေထိုင်လျက်ရှိနေပါတယ်။

တေလာဟာ ပစ်ခတ်မှုအတွင်းမှာ သေဆုံးခဲ့တဲ့ လူတွေရဲ့ နာမည်တွေကို လက်ရေးနဲ့ချရေးထားခဲ့တာဖြစ်ပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ပန်းလေးတွေကိုပါ ဘေးနားမှာ ချထားခဲ့တာပါ။ “သင်တို့ရဲ့ အချစ်တွေကို ဒီအပတ်အတွင်းမှာ မြေမြှပ်ခြင်းခံလိုက်ရပြီ။ ဒါပေမယ့်လည်း သန်းပေါင်းများစွာသော လူတွေရဲ့ မေတ္တာတွေနဲ့ အနက်ရှိုင်းဆုံး ကရုဏာတွေက သင်တို့ရဲ့ မတွေးရက်နိုင်တဲ့ ရက်စက်လွန်းတဲ့ ကံကြမ္မာတွေကို လွှမ်းခြုံပေးထားပါတယ်။ ” လို့ ရေးသားထားခဲ့ပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာ သေနတ်သမားတစ်ယောက်က Gay Club တစ်ခုကို ဝင်ပစ်ခဲ့ပြီး ၄၉ ယောက်ဒဏ်ရာရခဲ့ပြီး ၅၃ ယောက်အထိ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုအပြစ်မဲ့ ဓားစာခံတွေကိုတော့ ဆလီနာဂိုးမက်ဇ် ၊ အဒမ်လမ်းဘတ် ၊ အဒဲလ် ၊ အယ်လ်တန်ဂျွန်နဲ့ ဘီယွန်းစေးစတဲ့ နာမည်ကြီး အနုပညာရှင်တွေကလည်း အသီးသီးစီ ဆုတောင်းမှုတွေ ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz