Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ပရိသတ်တစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာ တအံ့တဩဖြစ်ရအောင်လုပ်ပေးခဲ့တဲ့ တေလာဆွစ်ဖ်

ပရိသတ်တစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာ တအံ့တဩဖြစ်ရအောင်လုပ်ပေးခဲ့တဲ့ တေလာဆွစ်ဖ်

| No comment


ဒီတစ်ပတ် စနေ၊ စနေတနင်္ဂနွေမှာ Taylor Swift (တေလာဆွစ်ဖ်) က ပရိသတ်တစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာ တအံ့တဩဖြစ်ရအောင်လုပ်ပေးခဲ့ပါတယ်။

တေလာ ရောက်လာပြီး “Blank Space” သီချင်းကို acoustic ပုံစံနှင့်ဖျော်ဖြေပေးခဲ့ပြီး သတို့သမီးကို water-color နှင့်ရေးဆွဲထားတဲ့ကဒ်တစ်ခုပေးခဲ့တဲ့အတွက် မင်္ဂလာစုံတွဲဖြစ်သူ Max Singer နဲ့ Kenya Smith တို့က အရမ်းအံ့ဩဝမ်းသာခဲ့ရတယ်လို့ သိရပါတယ်။




People မဂ္ဂဇင်းရဲ့ပြောပြချက်အရတော့ ဒါတွေအားလုံးက ပြီးခဲ့တဲ့ ဧပြီလကတည်းက စတင်ခဲ့တာပါ။ Max ရဲ့ညီမဖြစ်သူ Ali က Max နှင့် Kenya တို့ဟာ သေဆုံးခါနီးမိခင်ဖြစ်သူက မင်္ဂလာပွဲကို မတက်လိုက်ရတာမျိုးမဖြစ်ရအောင် ဆေးရုံမှာ လက်ထပ်ခဲ့ကြောင်း၊ ပွဲသေးလေးကျင်းပပြီး သားအမိနှစ်ယောက် “Blank Space” သီချင်းနှင့် တွဲကခဲ့ကြောင်း တေလာဆီကို စာရေးခဲ့ပါတယ်။

တကယ့်မင်္ဂလာပွဲကို မိခင်ကမတက်ရောက်နိုင်တော့တာကြောင့် တေလာက ဂုဏ်ပြုတဲ့အနေတဲ့ တက်ရောက်ပေးခဲ့တာဖြစ်ပါတယ်။

အားလုံးက အရမ်ပီတိဖြစ်ပြီး ကျေနပ်နေကြတယ်ဆိုတာကတော့ သိသာပါတယ်။ တေလာရဲ့ ရင်ထဲမှာ အချစ်တွေ၊ ဆန္ဒတွေ၊ မျှော်လင့်ချက်တွေ နှင့် အိပ်မက်တွေ ရှင်သန်နေတယ်ဆိုတာကတော့ ရှင်းလင်းနေပါတယ်။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Teen Vogue