Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , CFDA Fashion Icon Award ဆုကို Beyonce ရရှိ

CFDA Fashion Icon Award ဆုကို Beyonce ရရှိ

| No comment


Beyonce ဟာဖက်ရှင်အမြင်ရှိသူတစ်ယောက်ဖြစ်ပေမယ့် ကော်ဇောနီပေါ်ကိုတော့ အများကြီးလျှောက်လေ့မရှိပါဘူး။ ခင်ပွန်းဖြစ်သူ Jay Z နှင့် basketball ကြည့်ရင်ကြည့်၊ စတူဒီယိုထဲမှာ သီချင်းသွင်နေတာဖြစ်ရင်ဖြစ် ဒီလိုမှမဟုတ်ရင်တော့ နယ်လှည့်ဖျော်ဖြေနေတာဖြစ်ပါတယ်။

 The CFDA Awards ဆုပေးပွဲဟာ Beyonce အတွက်တော့ ရှားရှားပါးပါအခိုက်အတန့်ဖြစ်ပြီး ဒီနှစ်ပွဲကိုတော့ အလွတ်မခံပါဘူး။

Beyonce က Fashion Icon Award ဆုကိုရရှိခဲ့ပါတယ်။

Beyonce က ဒီညနေအတွက် သူမကော်ဇောနီပေါ်မှာ ဝတ်လေ့ရှိတဲ့ Givenchy Brand ကို ဖက်ရှင်ကျကျဝတ်ဆင်ထားပါတယ်။ The CFDA Fashion Icon တစ်ယောက်ဆီက မျှော်လင့်ထားရလောက်တဲ့ ပုံစံမျိုးပေါ်လွင်ထင်ရှားနေပါတယ်။

တလက်လက်တောက်နေတဲ့ Givenchy ဝတ်စုံကို Formation Tour မှာဝတ်လေ့ရှိတဲ့ အနားသပ်ကျယ်တဲ့ဦးထုပ်နဲ့ တွဲဖက်ဝတ်ဆင်ထားတာဖြစ်ပါတယ်။ The CFDA Awards ဆုပေးပွဲကို Beyonce က အဝါရောင် satin Vretto number ကိုဝတ်ဆင်ပြီး နောက်ဆုံးတက်ရောက်ခဲ့တာကတော့ လွန်ခဲ့တဲ့ ၁၀
နှစ်လောက်ကဖြစ်ပါတယ်။

အခုကစပြီး Beyonce က ဒီပွဲကို ပုံမှန်တက်ရောက်မယ်လို့မျှော်လင့်ပါတယ်။ အခုအတွက်ကတော့ နယ်လှည့်ဖျော်ဖြေနေပြီး Mr. Knowles Carter နှင့်အတူ ဒီနွေမှာ album အသစ်ထွက်နိုင်ခြေရှိပါတယ်။



( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Teenvogue