Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Disney မှ “Moana” ဇာတ်ကား၏ ပထမဆုံး trailer ကိုဖော်ပြ

Disney မှ “Moana” ဇာတ်ကား၏ ပထမဆုံး trailer ကိုဖော်ပြ

| No comment




Walt Disney Animation Studios မှ ဒီနှစ် ကျေးဇူးတော်နေ့မှာ ရုံတင်မည့် နောက်ဆုံးပေါ် ကာတွန်းဇာတ်လမ်း “Moana” ၏ trailer ကို ပထမဆုံးအနေနှင့် ဖော်ပြလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ လောက်က ကမ္ဘာပေါ်မှာအတော်ဆုံး  ရွက်လွှင့်သူတွေဟာ အလွန်ကျယ်ပြောတဲ့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းသွားလာရင်း Oceania ကျွန်းများကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီနောက် ထောင်စုနှစ်တစ်ခုမှာ ဘာကြောင့်မှန်းမသိဘဲ ခရီးသွားလာခြင်းတွေရပ်တန့်သွားခဲ့တယ်။

Walt Disney Animation Studios က ထုတ်လုပ်တဲ့ “Moana” ဇာတ်ကားမှာ စွန့်စားတတ်တဲ့ ဆယ်ကျော်သက်လေးကောင်မလေးတစ်ယောက်က သူ့လူတွေကို ကယ်ဖို့အတွက် စွန့်စားရွက်လွှင့်ခဲ့တဲ့အကြောင်း ရိုက်ကူးထားပါတယ်။ သူမရဲ့ခရီးစဉ်အတွင်းမှာ Moana (Auli’i Cravalho က အသံသရုပ်ဆောင်ထားသည်) က သူမကို စူးစမ်းရှာဖွေသူကောင်းတစ်ယောက် ဖြစ်လာအောင် လမ်းညွှန်သင်ပြပေးတဲ့ တစ်ချိန်ကအင်အားကြီးမားတဲ့ နတ်ဘုရာတစ်ပိုင်း Maui (Dwayne Johnson က အသံသရုပ်ဆောင်ထားသည်) နှင့်တွေ့ဆုံခဲ့ပါတယ်။

ပင်လယ်ပြင်ကြီးကို အတူတကွ သွက်လက်မြူးကြွစွာ ဖြတ်ကျော်ရင်း ကြီးမာတဲ့မကောင်းဆိုးဝါးကြီးတွေ၊ မဖြစ်နိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်ပြီး Moana က ရှေးတုန်းက ဘိုးဘေးဘီဘင်တွေရဲ့ စူးစမ်းရှာဖွေခြင်းကို ပြည့်မြောက်စေခဲ့ပြီး သူမကိုယ်တိုင် အမြဲတမ်းရှာဖွေနေခဲ့တဲ့ သူမဘယ်သူလဲဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဝါရင့်ဒါရိုက်တာ Ron Clements နှင့် John Musker (The Little Meramid) တို့ရိုက်ကူးထားတဲ့ “Moana” ဇာတ်ကားကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်မှာရုံတင်မှာပါ။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Comingsoon