Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Documentary ပုံစံရိုက်ကူးထားတဲ့ ဂျက်စတင်ဘီဘာရဲ့ ‘Company’ သီချင်းဗီဒီယိုထွက်ရှိ

Documentary ပုံစံရိုက်ကူးထားတဲ့ ဂျက်စတင်ဘီဘာရဲ့ ‘Company’ သီချင်းဗီဒီယိုထွက်ရှိ

| No comment


Justin Bieber  (ဂျက်စတင်ဘီဘာ) က သူရဲ့ ‘Company’ သီချင်းဗီဒီယို မှတဆင့် ပရိသတ်များအား ပြီးခဲ့တဲ့နှစ်က သူရဲ့နေ့စဉ်ဘဝထဲကို ဝင်ခွင်ပြုခဲ့ပါတယ်။ Documentary ပုံစံရိုက်ကူးထားတဲ့ ဒီဗီဒီယိုဟာ Bieber မော်ဒယ်လုပ်ခြင်း၊ ဖျော်ဖြေခြင်း၊ ‘Purpose’ album အတွက် နယ်လှည့်ဖျော်ဖြေရင်း သူငယ်ချင်းတွေနှင့် စနောက်နေတဲ့ ဒီဗီဒီယိုလေးတွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

ဘီဘာရဲ့ personal videographer Rory Kramer ရိုက်ကူးထားတဲ့ ‘Company’ သီချင်းဗီဒီယိုမှာ ‘Purpose’ world tour မှာရိုက်ထားတဲ့ဗီဒီယို၊ စတူဒီယိုထဲမှာအသံသွင်းနေစဉ် ရိုက်ထားတဲ့ဗီဒီယိုနှင့် Calvin Klein ဓာတ်ပုံရိုက်ကွင်းမှာ ရိုက်ထားတဲ့ဗီဒီယို တို့ပါဝင်ပါတယ်။ ကြားထဲမှာတော့ ‘I Will Show You’ ဗီဒီယိုထဲက ပုံစံနှင့်ဆင်တူတဲ့ ရေမြေတောတောင်သဘာဝကို Bieber က ငေးမျှော်ကြည့်နေတဲ့ပုံတွေကို ထည့်ထားပါတယ်။

“ကိုယ်ပိုင်အမြင်အရတော့ ကျွန်တော့်ဘဝခရီးစဉ်ကို ပွင့်ပွင့်လင်းလင်းမြင်ရတာကြောင့် ဒီဗီဒီယိုကို သဘောကျပါတယ်။ ဒီဖျော်ဖြေပွဲတွေနှင့် album ကို စီမံထားတဲ့လုပ်ငန်းစဉ်တွေ၊ ကိုယ်ချစ်တဲ့သူတွေနှင့် ဝန်းရံနေရတာတွေက အရမ်းကိုထူးခြားပါတယ်။

 ပျော်စရာလည်းကောင်းပြီး၊ အများကြီးလည်းကြိုးစားထားတယ်၊ ဂုဏ်လည်းယူတယ်၊ ဗီဒီယိုထဲမှာ အဲ့ဒါတွေအားလုံးကို ပြထားတယ်လို့ ထင်ပါတယ်။ အရာအားလုံးက ပရိသတ်တွေအတွက်ဖြစ်တာကြောင့် ကျွန်တော် သဘောကျသလို ပရိသတ်တွေလည်း သဘောကျမယ်လို့မျှော်လင့်ပါတယ်” လို့ Bieber ကပြောပါတယ်။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : EW