Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Dungeons and Dragons ဇာတ်ကားတွင် ပါဝင်ရန် Ansel Elgort ဆွေးနွေး

Dungeons and Dragons ဇာတ်ကားတွင် ပါဝင်ရန် Ansel Elgort ဆွေးနွေး

| No comment

The Fault in Our Stars နှင့် Divergent ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့bသရုပ်ဆောင်ဟာ နာမည်တူ role-Playing game ကိုအခြေခံထားတဲ့ Warner Bros ရဲ့bDungeons and Dragons ဇာတ်ကားတွင် ပါဝင်ရန်အတွက်bအစောပိုင်းညှိနိုင်းမှုတွေပြုလုပ်နေကြောင်း EW ကအတည်ပြုခဲ့ပါတယ်။

WB ကဇာတ်လမ်းတွဲလိုက် ထွက်ရှိဖို့စိတ်ကူးထားတဲ့ ဒီဇာတ်ကားကို Goosebumpsbn ကို ရိုက်ကူးတဲ့ ဒါရိုက်တာ Rob Letterman ကရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၀ခုနှစ်က New Line ရဲ့ Justin Whalin နှင့် Jeremy Irons တို့ပါဝင်ထားတဲ့ D&D ဇာတ်ကားရဲ့ ဒုတိယမြောက် ရုံကြီးကားဖြစ်ပါတယ်။

D&D ဇာတ်ကားရဲ့ အငြင်းပွားဖွယ်ရာ မူပိုင်ခွင့်ပြဿနာကိြုေ ဖရှင်းပြီးနောက်ပိုင်းမှာ ဇာတ်ကားသစ်ကို ပြီးခဲ့တဲ့ ဩဂုတ်လကေ ကြညာခဲ့တာဖြစ်ပါတယ်။ ဇာတ်ညွှန်းကို David Leslie Johnson (Warth of the
Titans, Conjuring 2) ကရေးသားပါတယ်။

Elgort ကိုတော့ The Fault in Our Stars ဇာတ်ကားထဲမှာ ဆယ်ကျော်သက်အရွယ် ကင်ဆာရောဂါသည် လူရည်မွန်လေးအဖြစ်နှင့် Divergent ဇာတ်လမ်းတွဲထဲမှာ လှည့်ဖြားတတ်တဲ့ သိပ္ပံပညာရှင်အဖြစ်ပါဝင်ခြင်းတို့အတွက် လူသိများပါတယ်။

သူ့ရဲ့နောက်ထွက်မည့် ဇာတ်ကားတွေကတော့ Billionaire Boys Club နှင့် Baby
Driver တို့ဖြစ်ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW