Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Emily Blunt နှင့် Lin-Manuel Miranda တို့က Mary Poppins Returns ဇာတ်ကားတွင်ခေါင်းဆောင်ပါဝင်မည်

Emily Blunt နှင့် Lin-Manuel Miranda တို့က Mary Poppins Returns ဇာတ်ကားတွင်ခေါင်းဆောင်ပါဝင်မည်

| No comment


Walt Disney Picture က ရွှေကမ္ဘာလုံးဆုရှင် Emily Blunt (Into The Woods) နှင့် Emmy၊ Grammy၊ Tony Award နှင့် Pulitzer Prize ဆုများရှင် Lin-Manuel Miranda (Hamilton In The Height) တို့က ၁၉၆၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mary Poppins ဇာတ်ကားရဲ့အဆက်ဖြစ်တဲ့ Mary Poppins Returns ဇာတ်ကားတွင်ခေါင်းဆောင်အဖြစ်ပါဝင်မှာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှာထွက်ရှိမှာဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

Disney ရဲ့အောင်မြင်ခဲ့တဲ့ Into The Wood musical ဇာတ်ကားနောက်ကွယ်က ဒါရိုက်တာနှင့် ထုတ်လုပ်ရေးအဖွဲ့ကပြန်လည်ပါဝင်မှာဖြစ်ပြီး ဒါရိုက်တာကတော့ အော်စကာ စကာတင်စာရင်းဝင်၊ Emmy နှင့် DGA Award ဆုရှင် Rob Marshall နှင့် ထုတ်လုပ်သူတွေကတော့ Emmy ဆုရှင်နှင့် ရွှေကမ္ဘာလုံး စကာတင်စာရင်းဝင် John DeLuca၊ အော်စကာ ၊ Emmy နှင့် Tony Award စကာတင်စာရင်းဝင်၊
ရွှေကမ္ဘာလုံး ဆုရှင် Marc Platt တို့ဖြစ်ပါတယ်။

 P.L Travers ရဲ့ Marry Poppins Stories ကိုအခြေခံပြီး အော်စကာ စကာတင်စာရင်းဝင် David Magee ကဇာတ်ညွှန်းရေးသားကာ အော်စကာ စကာတင်စာရင်းဝင်နှင့် Tony Award ဆုရှင် Marc Shaiman က လုံးဝအသစ်အဆက်ဆက်တေးသွားကို သီကုံးမှာဖြစ်ပြီး Emmy
စကာတင်စာရင်းဝင်နှင့် Tony Award ဆုရှင် Scott Wittman က မူရင်းသီချင်းကိုရေးဖွဲ့မှာဖြစ်ပါတယ်။

Blunt က Marry Poppins အဖြစ်ပါဝင်မှာဖြစ်ပြီး Miranda က လမ်းပေါ်ကမီးအိမ်တွေကို ထွန်းညှိပေးရတဲ့ Jack လို့ခေါ်တဲ့
ဇာတ်ကောင်အသစ်နေရာကပါဝင်မှာပါ။ P.L Travers ရဲ့ ဝတ္ထုစာအုပ် ၇ အုပ်ထဲက ပုံကြမ်းတွေအရ ဇာတ်လမ်းကတော့ စာအုပ်တွေကို မူလရေးသားခဲ့တဲ့ခေတ်ဖြစ်တဲ့ Depression-era London မှာဖြစ်ပွားပြီး အခုအခါမှာ အရွယ်ရောက်နေပြီဖြစ်တဲ့ Jane နှင့် Michael Banks နှင့်အတူ Michael ရဲ့ကလေး ၃ ယောက် တို့ရဲ့ ပုဂ္ဂိုလ်းရေးအရ ဆုံးရှုံးမှုဖြစ်ပွားပြီးနောက် သူတို့ဆီကို ပဟေဠိဆန်တဲ့
Marry Poppins ကရောက်ရှိလာမှာဖြစ်ပါတယ်။

သူမရဲ့ သူမတူတဲ့မှော်အစွမ်းနှင့် သူငယ်ချင်း Jack ရဲ့အကူအညီကတဆင့် သူတို့မိသားစုဘဝမှာပျောက်ဆုံးနေတဲ့
ပျော်ရွှင်မှုတွေကို ပြန်လည်ရှားဖွေပေးခဲ့တာဖြစ်ပါတယ်။ “P.L Travers ရဲ့ နောက်ထပ်စွန့်စားခန်းတွေကို ပိတ်ကားပေါ်မှာအသက်သွင်းပေးဖို့ Disney ကပြောလာတော့ တကယ်ဂုဏ်ယူမိပါတယ်။

မူရင်းဇာတ်ကားက ကျွန်တော့်အတွက်တော့ အဓိပ္ပာယ်အများကြီးရှိပါတယ်။ Marry Poppins နှင့် ဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့အချိန်မှာတောင်မှ ကလေးဆန်တဲ့ အံ့အားသင့်စရာတွေကိုကြုံတွေ့နိုင်ပါတယ်ဆိုတဲ့ သူ့အဆိုအမိန့်ကို မျိုးဆက်သစ်တွေကိုပေးနိုင်တဲ့ musical ဇာတ်ကားကို ဖန်တီးနိုင်ဖို့ မျှော်လင့်နေပါတယ်” လို့ Marshall ကပြောပါတယ်။

P.L Travers က မဟုတ်တာတွေမလုပ်ရဘူးဆိုတဲ့ ကလေးထိန်းကို ၁၉၃၄ ခုနှစ်က “Marry Poppins” စာအုပ်ထဲမှာ စတင်မိတ်ဆက်ပေးခဲ့ပြီး Disney က ပိတ်ကားပေါ်သို့ကူးပြောင်းပြီး ၁၉၆၄ ခုနှစ် ဩဂုတ်လမှာ ရုံတင်ခဲ့ပါတယ်။ ဒါရိုက်တာ Robert Stevenson ရိုက်ကူးပြီး Julie Andrew နှင့် Dick Van Dyke တို့ပါဝင်ခဲ့တဲ့ ဒီဇာတ်ကားဟာ Andrew အတွက် အကောင်ဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအပါဝင် အကယ်ဒမီဆု ၅ ဆုရရှိခဲ့ပါတယ်။


သို့သော်လည်း Marry Poppins ရဲ့အခန်းဆက် စွန့်စားခန်းတွေက ၁၉၃၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့တဲ့ P.L Travers ရဲ့ ဝတ္ထုစာအုပ် ၇ အုပ်ထဲက စာမျက်နှာတွေပေါ်မှာသာကျန်ရှိနေပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Comingsoon