Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဂျက်စတင်ဘီဘာရဲ့ emojis တွေထွက်ရှိလာ

ဂျက်စတင်ဘီဘာရဲ့ emojis တွေထွက်ရှိလာ

| No comment


Justin Bieber (ဂျက်စတင်ဘီဘာ) က သူကိုယ်ပိုင် emojis တွေကိုပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်လိုက်ပါတယ်။

 Justin ရဲ့ Justmojis ကိုအသုံးပြုပြီး အားကုန်ခံပြီးစာရိုက်စရာမလိုတော့ပဲ သူ့မျက်နှာရဲ့ အစွမ်းကတစ်ဆင့် ဆက်ဆံပြောဆိုနိုင်တော့မှာဖြစ်ပါတယ်။ JB ကတော့ Kim Kardashian နဲ့ Blac Chyna တို့လမ်းစဉ်ကိုလိုက်ပြီး အခုလိုမျိုး emoji တွေ ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။





ရရှိနိုင်တဲ့ emojis ရဲ့ တစ်ဝက်လောက်က Justin က သူ့ကိုယ်သူ လှောင်ပြောင်ထားတွေဖြစ်တာကြောင့် အမျိုးအစားစုံလင်မှုက အပြစ်ပြောစရာမရှိပါဘူး။




ရေပုံးထဲမှာ အပေါ့စွန့်ခဲ့တာကို သင်္ကေတပြုထာတဲ့ emoji လည်းပါရှိပါတယ်။ ဓာတ်ပုံမရိုက်ကြဖို့ပြောထားတဲ့ သင်္ကေတနှင့် emoji လည်းပါရှိပါတယ်။ Justin သီချင်းတွေရဲ့ အမည်တွေလည်းပါရှိပါတယ်။

Justin Bieber ရဲ့ emojis ကို အသုံးပြုချင်တယ်ဆိုရင်တော့ Justmoji keyboard app ကို ၂.၂၉ ဒေါ်လာနှင့် Apple app store မှာဝယ်ယူနိုင်ပြီဖြစ်ပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : MTV