Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , EXO အဖွဲ့က albumသစ် “EX’ACT” ဖြင့် ပြည်တွင်းရော နိုင်ငံတကာ Music Chart များကိုပါ စိုးမိုး

EXO အဖွဲ့က albumသစ် “EX’ACT” ဖြင့် ပြည်တွင်းရော နိုင်ငံတကာ Music Chart များကိုပါ စိုးမိုး

| No comment



EXO အဖွဲ့က Music Chart များကို album အသစ်ဖြင့် စိုးမိုးထား ပါတယ်။ ဇွန်လ ၉ ရက်နေ့မှာ Album အသစ် “EX’ACT” ထွက်ရှိလာပြီးနောက်ပိုင်း “Monster” သီးချင်းက MelOn၊ Genie၊ Soribada၊ Olleh Music၊ Mnet၊ Naver Music၊ Bugs Music နှင့် Monkey3 အပါအဝင် Music Chart အမျိုးမျိုးမှာ နံပါတ် ၁ နေရာရရှိခဲ့ပါတယ်။

ဒါတင်မကသေးဘဲ “Lucky One” သီချင်းကလည်း ဒုတိယနေရာရရှိခဲ့ပြီး album ထဲမှာပါတဲ့ တခြားသီးချင်းတွေကလည်း Chart တွေရဲ့ ထိပ်နေရာတွေကို ရရှိခဲ့ပါတယ်။

EXO အဖွဲ့ရဲ့ကျော်ကြားမှုဟာ ပြည်တွင်းမှာသာမက တစ်ကမ္ဘာလုံးမှာဖြစ်တယ်ဆိုတာ သက်သေပြနေပါတယ်။ “EX’ACT” albumဟာ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ iTunes chart တွေမှာ
နံပါတ် ၁ နေရာရရှိထားပါတယ်။

ဖီလစ်ပိုင်၊ ဂျပန်၊ ရုရှား၊ ဖင်လန်၊ တူရကီ၊ မက်ဆီကို၊ ဒိန်းမတ်၊ ဆွီဒင်နှင့် ကနေဒါနိုင်ငံတို့မှာ Top 10 နေရာရရှိထားပြီး အမေရိကမှာတော့ နံပါတ် ၁၅ နေရာရရှိထားပါတယ်။

EXO အဖွဲ့ရဲ့ album အသစ်ကို ကြိုတင်မှာယူသူပေါင်း ၆၆၀,၀၀၀ ကျော်ရှိနေပြီး EXO အဖွဲ့အတွက် နောက်တစ်ကြိမ် အချပ်ရေ ၁ သန်းရောင်းရခြင်းဖြစ်မယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။ EXO အဖွဲ့ဟာ Music Chart တွေမှာ ကောင်းမွန်တဲ့ရလဒ်တွေရရှိထားတာကြောင့် ဆက်လက်ပြီး စံချိန်တွေကို ချိုးနိုင်မယ်ဆိုတာ သေချာပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Soompi