ပဟေဠိဆန်တဲ့ ဓာတ်ပုံများထွက်ရှိလာပြီးနောက်မှာတော့ EXO ကပရိသတ်တွေကို ဆက်လက်ပြီး စိတ်လှုပ်ရှားရအောင် ပိုများတဲ့ သတင်းကြေညာချက်တွေနဲ့ ဓာတ်ပုံတွေထပ်ပြီးထွက်ရှိလာပါတယ်။ SM Entertainment က EXO အဖွဲ့ဟာ ပရိသတ်တွေ စောင့်စားနေရတာကြာပြီဖြစ်တဲ့ တတိယမြောက် full album နှင့်အတူပြန်လာမှာဖြစ်ကြောင်း ဇွန်လ ၂ ရက်က ကြေညာလိုက်ပါတယ်။
“EX’ACT” album မှာ ခေါင်းစီးနှစ်ခုဖြစ်တဲ့ ''Monster'' နှင့် ''Lucky One” တို့ပါဝင်မှာပါ။ သီချင်းတွေနှင့် ဖျောဖြေမှုတွေက
မျှော်လင့်ထားတာထက်သာလွန်ကောင်းမွန်ပြီး နားဆင်သူတွေကို ဖမ်းစားထားမယ်လို့ပြောပါတယ်။
“Monster” သီချင်းကို Kenize နဲ့ LDN noise တို့က တွဲဖက်ထုတ်လုပ်ပေးထားပြီး သီချင်းပုံစံကတော့ drum သံစူးရှရှ တွေအပြင်
သစ်လွင်တဲ့ သီဆိုပုံနှင့် အမှောင်ထုကလွှမ်းချုံထားတဲ့ အကသီချင်းအမျိုးအစားဖြစ်ပါတယ်။
စာသားတွေကတော့ လက်မလွှတ်နိုင်ဘဲ
စွဲလမ်းနေတဲ့ အချစ်အကြောင်းကို တိုက်ရိုက်ဖွင့်ဆိုထားတာဖြစ်ပြီး dramatic music နှင့် အရမ်းကိုလိုက်ဖက်ပါတယ်။
''Lucky One'' ကတော့ R&B နဲ့ funk ရောထားတဲ့ အကသီချင်းအမျိုးအစားဖြစ်ပြီး တောက်ပတဲ့သံစဉ်တွေနှင့် နားဆင်သူကို ညှို့ယူထားမှာဖြစ်ပါတယ်။ စာသားတွေကတော့ နက်နက်နဲနဲချစ်တတ်တယ့် ကောင်လေးတစ်ယောက် သူ့ရဲ့အနာဂတ်လက်တွဲဖော်ကို ရှာဖွေတဲ့အကြောင်းဖြစ်ပါတယ်။
SM Entertainment က EXO အဖွဲ့ဝင် ၉ယောက်ရဲ့ တစ်ယောက်ချင်းစီ၏ ''Lucky One” သီချင်း အတွက် ဓာတ်ပုံများ ကိုလည်း ဖော်ပြခဲ့ပါတယ်။ comeback အတွက် စိတ်လှုပ်ရှားမှုတွေမြင့်တက်လာအောင် တောက်ပပြီး အရောင်အသွေးစုံလင်တဲ့ ဓာတ်ပုံတွေနှင့် နောက်ဘာတွေဆက်လာမလဲဆိုတာ သဲလွန်စပေးထားပါတယ်။
EXO အဖွဲ့ဝင် ၉ယောက်ရဲ့ တစ်ယောက်ချင်းစီ၏ “Monster” သီချင်း အတွက် ဓာတ်ပုံများ ကိုလည်း ဖော်ပြခဲ့ပါတယ်။ အရင်ပုံတွေနှင့် ယှဉ်ရင်
အဖွဲ့ဝင်တွေက ပိုပြီးတော့ မဲမှောင်တဲ့အဝတ်အစားတွေကို ဝတ်ဆင်ထားပြီး မိတ်ကပ်ထူထူလိမ်းထားကာ ချောက်ချားဖွယ်ပုံစံမျိုးကို ရည်ညွှန်းနေပါတယ်။“EX’ACT” album ကတော့ ဇွန်လ ၉ ရက် ကိုရီးယားစံတော်ချိန် နံနက် ၁၂ အတိမှာထွက်ရှိမှာပါ။
( RII )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Soompi