Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Fantastic Beast And Where To Find Them ဇာတ်ကားပိုစတာသစ်ထွက်ရှိ

Fantastic Beast And Where To Find Them ဇာတ်ကားပိုစတာသစ်ထွက်ရှိ

| No comment


Warner Bros. Pictures က Eddie Redmanyne ပါဝင်ထားတဲ့ Fantastic Beast And Where To Find Them ဇာတ်ကားအတွက် ပိုစတာသစ်ထုတ်ပေးလိုက်ပါတယ်။

Fantastic Beast And Where To Find Them ဇာတ်ကားမှာ Eddie Redmanyne၊ Katherine Waterson၊ Alison Sudol၊ Ezra Miller၊ Dan Fogler၊ Colin Farrel၊ Jenn Murry၊ Jon Voight၊ Carmen Ejogo၊ Gemma Chan နှင့် လူသစ်ဖြစ်တဲ့ Faith Wood-Blagrove တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းကတော့ ၁၉၂၆ ခုနှစ်မှာ Newt Scanmander က မှော်ဝင်တိရစ္ဆာန်တွေရဲ့ သာမန်ထက်လွန်ကဲတဲ့ အချက်အလက်တွေကို ရှာဖွေပြီး မှတ်တမ်းတင်တဲ့ ကမ္ဘာတစ်ပတ်လေ့လာရေးခရီး ပြီးဆုံးသွားတာကနေစဖွင့်ထားပါတယ်။ နယူးယော့မြို့မှာ ခရီးတစ်ထောက်နားရင်း ဘာကိစ္စအထွေအထူးမှမရှိပဲ သွားလာနိုင်ပေမယ့် Jacob လို့ခေါ်တဲ့ No-Maj (Muggle အတွက် အမေရိကန်စကားလုံး) တစ်ယောက်ရယ်၊ နေရာထားမှားမိတဲ့ မှော်သေတ္တာတစ်လုံးရယ်နှင့် Newt ရဲ့လွတ်မြောက်သွားတဲ့ ဆန်းကြယ်သော သတ္တဝါတွေရယ်ကြောင့် မှော်လောကရော သာမန်လောကကိုပါ ပြဿနာဖြစ်စေတဲ့ ကိစ္စတွေပေါ်ပေါက်လာတာပါ။

Fantastic Beast And Where To Find Them ဇာတ်ကားကို Harry Potter ဇာတ်ကား ၈ ကားလုံးကို ရိုက်ကူးခဲ့တဲ့ David Heyman၊ ဇာတ်ကား ၁ ကားကလွဲပြီး ကျန်တဲ့ Harry Potter ဇာတ်ကားတွေအားလုံးကို ဇာတ်ညွှန်းရေးသားခဲ့တဲ့ Steve Kloves၊ နောက်ဆုံးဇာတ်ကား ၄ ကားအတွက် စီမံခန်ခွဲထုတ်လုပ်ခဲ့တဲ့ Lionel Wigram တို့ကထုတ်လုပ်မှာဖြစ်ပါတယ်။ J.K. Rowling ကိုယ်တိုင်ကတော့ ရုပ်ရှင်ဇာတ်ညွှန်းကို ထောက်ပံ့ပေးမှာပါ။

Warner Bros. Pictures က Fantastic Beast And Where To Find Them ပထမဆုံးဇာတ်ကားကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှာ 3D နှင့် IMAX အဖြစ် ကမ္ဘာတစ်လွှားမှာ ပြသမှာဖြစ်ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Coming Soon