Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Finding Dory ဇာတ်ကားရှေ့မှာပြသမယ့် Disney Pixar ၏ Piper ဇာတ်လမ်းတို

Finding Dory ဇာတ်ကားရှေ့မှာပြသမယ့် Disney Pixar ၏ Piper ဇာတ်လမ်းတို

| No comment


Disney Pixar ရဲ့ Finding Dory ကတော့ ဇွန်လ ၁၇ ရက် ဒီတစ်ပတ်သောကြာနေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး သူနှင့်အတူ အသစ်စက်စက် ဇာတ်လမ်းတိုလေးကိုယူဆောင်လာမှာပါ။

“ဒီရေညှောင့်ကောင်ငှက်ကလေးတွေ ရေလှိုင်းတွေကို တုံ့ပြန်ပုံတွေ၊ ထွက်ပြေးပုံတွေကိုကြည့်ရတာ ‘ဒါကတော့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဒါကတော့ ဇာတ်ကောင်ပဲ’  လို့အမြဲခံစားရပါတယ်” လို့ Piper ဇာတ်လမ်းတိုရဲ့ ဒါရိုက်တာ Alan Barillaro က Entertainment Weekly ကို ဒီနှစ်အစောပိုင်းကပြောခဲ့ပါတယ်။ “ကျွန်တော်တို့ရင်းနှီးနေတဲ့ လောကကြီးကို မတူတဲ့ရှုထောင့်ကနေ တင်ပြရတာ အမြဲပျော်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့အားလုံး ပင်လယ်ကမ်းခြေကိုရောက်ဖူးပေမယ့် ရေကိုသဲပြင်တစ်လက်မလောက်ကနေကြည့်ဖူးရဲ့လား။ ငှက်တစ်ကောင်ရဲ့ အမြင်နဲ့ဆိုရင်တော့ ဒါဟာအရမ်းကြောက်စရာကောင်းနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Finding Dory ကတော့ ပထမဇာတ်ကားအဆုံးသတ်ပြီး ၆ လအကြာမှာ အခြေတည်ထားပါတယ်။ Doryက Clown ငါးတွေနှင့်အတူ အေးအေးဆေးဆေးနေထိုင်နေပါတယ်။ သတိမေ့တတ်တဲ့Doryက Nemoနှင့်အတုတူ သင်ခန်းစာလေ့လာရေးခရီးထွက်ရင်း ငါးတွေရာသီအလိုက်ရွှေ့ပြောင်းနေထိုင်ပြီး အိမ်ပြန်ကြပုံကိုတွေ့မိတဲ့ နောက်မှာတော့ အိမ်ကိုလွမ်းကာ သူမလာခဲ့တဲ့နေရာကို ပြန်ရှာဖို့ကြိုးစားတာဖြစ်ပါတယ်။

Finding Dory ဇာတ်ကားမှာ Finding Nemo ဇာတ်ကားကဇာတ်ကောင်တွေဖြစ်တဲ့ Dory (Ellen DeGeneres) ၊ Merlin (Albert Brooks) ၊ Nemo (Hayden Rolence) ၊ Mr.Ray (Bob Petereson) ၊ Crush (Andre Stanton) နှင့် Squirt တို့ပြန်ပါမှာဖြစ်ပါတယ်။ ဇာတ်ကောင်သစ်တွေကတော့ Hank (Ed O’Neill) လို့ခေါ်တဲ့ ရေဘဝဲ၊ Destiny (Kaitlin Olson) လို့ခေါ်တဲ့ ဝေလငါးမန်း၊ Bailey (Ty Burrell) လို့ခေါ်တဲ့ ဝေလငါးအဖြူရောင်၊ ပင်လယ်ဖျံအကြီးစားနှစ်ကောင်၊ Rudder (Dominic West) နှင့် Fluke (Idris Elba) ၊ Dory မိဘတွေအဖြစ် Charlie (Eugene Levy) နှင့် Jenny (Diane Keaton) တို့ဖြစ်ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Comingsoon