Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Harry Potter and the Cursed Child ပြဇာတ်သွားမကြည့်ရတဲ့အကြောင်းရင်းကို Daniel Radcliffe ပြောကြား

Harry Potter and the Cursed Child ပြဇာတ်သွားမကြည့်ရတဲ့အကြောင်းရင်းကို Daniel Radcliffe ပြောကြား

| No comment

Harry Potter ဇာတ်လမ်းတွဲတွေမှာ ၁၀ နှစ်လောက်ဦးဆောင်ပါဝင်ပြီးတဲ့နောက် Daniel Radcliffe က လန်ဒန်မြို့မှာ Harry Potter and the Cursed Child ပြဇာတ်ဖွင့်ပွဲကို ဦးဦးဖျားဖျားသွားကြည့်မယ်လို့ ထင်ကြမယ်ဆိုရင်တော့ မှားသွားပါပြီ။

ပရိသတ်တွေအနေနှင့် Daniel ကို ဖွင့်ပွဲမှာ ဒါမှမဟုတ် ဘယ်ပွဲမှာမှ တွေ့ရမယ်လို့မျှော်လင့်လို့မရနိုင်တာကတော့ ကောင်းမွန်တဲ့ အကြောင်ရင်း ရှိပါတယ်။

“ကျွန်တော်မှားချင်မှားနိုင်ပါတယ်။ ဒါပေမယ့် ကြည့်ရှုသူတွေထဲမှာ Harry Potter ပရိသတ်တွေအများကြီးပါမယ်ဆိုတာ ထင်ရှားပါတယ်၊ အဲ့ဒီညကသွားကြည့်ခဲ့မယ်ဆိုရင် ကိစ္စတစ်ခုဖြစ်လာနိုင်ပါတယ်။ သူတို့က ပြဇာတ်ကို အာရုံမစိုက်နိုင်ဘဲ ပြဇာတ်ကြည့်နေတဲ့ ကျွန်တော့်ကို ကြည့်နေကြလိမ့်မယ်ထင်တယ်။ ကျွန်တော် ပြဇာတ်ကနေ အာရုံပြောင်းအောင်လုပ်တာမျိုး မဖြစ်စေချင်ပါဘူး” လို့ Daniel က E!News ကိုပြောပါတယ်။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TeenVogue