Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Harry Potter And The Cursed Child မှ ဇာတ်ကောင် ဓာတ်ပုံများထွက်ရှိ

Harry Potter And The Cursed Child မှ ဇာတ်ကောင် ဓာတ်ပုံများထွက်ရှိ

| No comment

Harry Potter And The Cursed Child ပြဇာတ်ကို West End မှာ စဖွင့်လိုက်တာနှင့် Pottermania က နောက်တစ်ကြိမ်
လန်ဒန်မြို့ကိုကြီးစိုးဖို့ လအနည်းပဲလိုပါတော့တယ်။ ပရိသတ်ရဲ့စိတ်လှုပ်ရှားမှုကို မြှင့်တင်ဖို့ Harry၊ ဇနီး Ginny နှင့် သားအငယ်ဆုံး Albus တို့ရဲ့ဓာတ်ပုံအသစ်တွေလည်း ထွက်ရှိလာပါတယ်။

ပထဆုံးတွေ့ရှိရမယ့်ဓာတ်ပုံတွေထဲမှာတော့ Harry Potter And The Deathly Hollows ဇာတ်ကားထဲက အဖြစ်အပျက်တွေတုန်းကထက် ၁၉ နှစ်ပိုကြီးလာတဲ့ Harry Potter (Jamie Parker) ကိုတွေ့ရမှာပါ။ အခုအခါမှာတော့ Potter က မှော်ဝန်ကြီးဌာနမှာ အလုပ်လုပ်နေပြီး Ginny (Poppy Miller) နှင့်လက်ထပ်ကာ ကျောင်းနေအရွယ်ကလေး ၃ယောက်နှင့်အတူ တည်ငြိမ်တယ်လို့ထင်ရတဲ့ ဘဝကို နေထိုင်နေပါတယ်။

The Cursed Child ဟာ J.K Rowling၊ Jack Throne နှင့် John Tiffany တို့ရဲ့ မူရင်းဇာတ်လမ်းသစ်ကို အခြေခံထားတာဖြစ်ပါတယ်။ Harry Potter ဇာတ်လမ်းတွဲရဲ့ ၈ ခုမြောက်ဖြစ်တဲ့ ဒီပြဇာတ်ကို လန်ဒန်မြို့ West End က Palace Theater မှာ ဇူလိုင်လ ၃၀ ရက်မှာ ပွဲဦးထွက် ကပြမှာဖြစ်ပါတယ်။

သူ့ဆန္ဒမပါဘဲ အစဉ်အလာကိုထိန်းသိမ်းဖို့ ဝန်ထုပ်ဝန်ပိုးကိုထမ်းထားရပြီး ဇာတ်လမ်းရဲ့အများစုပိုင်းက ဝန်းရံထားတဲ့ Potter မိသားစုရဲ့
သားအငယ်ဆုံးဖြစ်တဲ့ Albus Severus Potter (Sam Clemmett) ကိုလည်းတွေ့ရပါတယ်။


( RII )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : HollyWoodReporter