Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Harry Styles က တစ်ကိုယ်တော်အဆိုတော်အဖြစ် စာချုပ်ချုပ်ဆို

Harry Styles က တစ်ကိုယ်တော်အဆိုတော်အဖြစ် စာချုပ်ချုပ်ဆို

| No comment



Naill Horan က One Direction အဖွဲ့ဝင်တွေထဲမှာ ပထမဆုံးတစ်ကိုယ်တော် album ထွက်တဲ့သူုဖြစ်မယ်လို့ ကောလဟာလထွက်နေပေမယ့် Harry Styles ကလည်းနောက်မှာကျန်နေမယ့် ပုံစံတော့မပေါ်ပါဘူး။

Styles က တစ်ကိုယ်တော်အဆိုတော်အဖြစ် 1Dအဖွဲ့ရဲ့ album တွေကိုထုတ်ပေးနေကျဖြစ်တဲ့ Columbia Record နှင့်စာချုပ်ချုပ်ဆိုလိုက်ကြောင်း Billboard ကသတင်းပို့လာပါတယ်။

တကယ်အသံသွင်းပြီး ကိုယ်ပိုင်သီချင်းတွေထွက်ဖို့ ဘယ်လောက်နီးစပ်တယ်ဆိုတာ
မရှင်းလင်းသေးပေမယ့် အဖွဲ့ကနေခွဲထွက်ဖို့အစီအစဉ်ကတော့ လုပ်ဆောင်နေပါပြီ။

One Direction အဖွဲ့က ကလက်ရှိမှာ သီချင်းသစ်ထွက်ဖို့ အစီအစဉ်ရေရေရာရာမရှိသေးဘဲ အနားယူလျက်ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ ထွက်သွားတဲ့ အဖွဲ့ဝင်ဟောင်း Zayn Malik ကတော့ တစ်ကိုယ်တော်ပွဲဦးထွက် album ‘Mind of Mine’ ကို မတ်လမှာ ထွက်ရှိခဲ့ပါတယ်။

Styles ကတော့ အခုတလော Christopher Nolan ရဲ့ Dunkirk ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ရင်း အလုပ်ရှုပ်နေပါတယ်။


 ( RII )


#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : MTV