Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Justice League Logo နှင့် Batmoblie ဓာတ်ပုံထွက်ရှိ

Justice League Logo နှင့် Batmoblie ဓာတ်ပုံထွက်ရှိ

| No comment

Warner Bros. Picture က ၂၀၁၇ ခုနှစ်အတွက် မျှော်လင့်ချက်မြင့်မားနေတဲ့ ဇာတ်ကားအတွက် Justice League ရဲ့ Logo နှင့် Batmoblie ရဲ့ ပထမဆုံးဓာတ်ပုံကို ဖော်ပြလိုက်ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းအကျဉ်းချုပ်ကိုလည်း ဖော်ပြလိုက်ပါတယ်။

“ပြန်လည်ဖြစ်ပေါ်လာတဲ့ လူသားတွေအပေါ်ယုံကြည်စိတ်နှင့် Superman ရဲ့ကိုယ်ကျိုးစွန့်ဆောင်ရွက်မှုတို့၏ လှုံဆော်မှုတို့ကြောင့် Bruce Wayne ဟာ အသစ်တွေ့ရှိတဲ့ မဟာမိတ် Diana Prince ရဲ့အကူအညီနှင့် ပိုမိုကြီးမားတဲ့ရန်သူကို ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုအသစ်ကို တွန်းလှန်ဖို့ Batman နှင့် Wonder Woman တို့အတူတကွ စွမ်းအားရှိလူသားများကို ရှာဖွေပြီး အဖွဲ့တစ်ခုထူထောင်ဖို့ အမြန်လှုပ်ရှားကြပါတယ်။ Batman၊ Wonder Woman၊ Aquaman၊ Cyborg နှင့် The Flash တို့ပါဝင်တဲ့ လူစွမ်းကောင်းများအဖွဲကို ဖွဲ့စည်းခဲ့ပေမယ့်  ရုတ်တရက်ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုကနေ ကမ္ဘာကြီးကိုကယ်တင်ဖို့ အရမ်းနောက်ကျသွားနိုင်ပါတယ်။” လို့ DC က ဇာတ်လမ်းအကျဉ်းချုပ်ကို ဖော်ပြခဲ့တာပါ။


Ben Affleck၊ Henery Cavill နှင့် Gal Gadot တို့က DC ရဲ့ Batman၊ Superman နှင့် Wonder Woman သုံးယောက်အုပ်စုအဖြစ် Justice League မှာပြန်လည်ပါဝင်ပြီး Aquaman အဖြစ် Jason Mamoa၊ Cyborg အဖြစ် Ray Fisher၊ The Flash အဖြစ် Ezra Miller တို့လည်းပါဝင်မှာပါ။ ဒီဇာတ်ကားမှာ Amber Heard ကလည်း Queen Mera အဖြစ်ပါဝင်မှာဖြစ်ပြီး  အဲဒီနောက်တော့ ၂၀၁၈ ခုနှစ်ရဲ့  Aquaman တစ်ကိုယ်တော်ရုပ်ရှင်မှာ Wilem Dafoe က လျှို့ဝှက်ထားတဲ့ ဇာတ်ကောင်၊ Commissioner Gordon အဖြစ် J.K.  Simmon တို့နှင့်အတူ ပါဝင်မှာပါ။

 Batman v Superman: Dawn of Justice ဇာတ်ကာားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Zack Synder ကတော့ Justice League ဇာတ်ကားကိုလည်း တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပြီး  ၂၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှာ ရုံတင်ပြသ သွားမှာဖြစ်တယ်လို့ သိရပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Coming Soon