Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Mindy Kaling နှင့် Helena Bonham Carter တို့က Ocean’s Eleven ဇာတ်ကားသစ်တွင် ပါဝင်မည်

Mindy Kaling နှင့် Helena Bonham Carter တို့က Ocean’s Eleven ဇာတ်ကားသစ်တွင် ပါဝင်မည်

| No comment

Cate Blanchett (Blue Jasmine, Cinderella, Carol) က Warner Bros’ က ရိုက်ကူးမည့် အမျိုးသမီးသရုပ်ဆောင်တွေသာပါဝင်မည့် ပြန်လည်ဆန်းသစ်ထားသည့် Ocean’s Eleven ဇာတ်ကားသစ်တွင် အော်စကာဆုရှင် Sandra Bullock (Gravity, The Blind Side) နှင့်အတူပါဝင်မည်ဖြစ်ကြောင်း Showbiz 411 က အတည်ပြုပေးခဲ့ပြီး နောက်ထပ်ပါဝင်မည့် သူတွေကတော့ Mindy Kaling (The Mindy Project, The Office) နှင့် Helena Bonham Carter (Fight Club, Alice Through the Looking Glass) တို့ဖြစ်ပါတယ်။ ဒါရိုက်တာ Gary Ross (Hunger Games, Pleasantville) က ထုတ်လုပ်ရိုက်ကူးမှာပါ။

ဒီဇာတ်သစ်ကားဟာ George Clooney ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားရဲ့အဆက်ဖြစ်ပြီး Bullock က Danny Ocean ရဲ့ ညီမ လူလိမ်ဟောင်း အဖြစ်ပါဝင်မှာပါ။ သူမရဲ့ ညာလက်ရုံး (Blanchett က Brad Pitt ရဲ့ဇာတ်ကောင် Rusty နေရာကပါဝင်မှာပါ) ရဲ့အကူအညီနှင့်အတူ Met Ball ပြတိုက်ပိုင်ရှင် ဗီလိန်ကို အကွက်ဆင်ဖို့အတွက် ဆွဲကြိုးကိုခိုးယူဖို့ သူခိုးအဖွဲ့ဖွဲ့စည်းမှာဖြစ်ပါတယ်။ ဆောင်းဦးရာသီမှာ စတင်ရိုက်ကူးမယ်လို့ ခန်းမှန်းရပါတယ်။

Jennifer Lawrence (Hunger Games, X-Men, Silver Lining Playbook) က သူ့ရဲ့ အချိန်ဇယားနှင့် မကိုက်တာကြောင့် ပါဝင်နိုင်မှာမဟုတ်ကြောင်းလည်း အတည်ပြုသွားပါတယ်။ George Clooney ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ဖို့အစီအစဉ်ကိုလည်း အခုချိန်မှာ ဖျက်သိမ်းလိုက်ပေမယ့် နောက်ဆက်တွဲဇာတ်ကားမှာတော့ ပါနိုင်ခြေရှိပါတယ်။ ဒီဇာတ်ကားမှာ ထုံးစံအတိုင်း ဇာတ်ဆောင် သူခိုး ၁၁ ယောက်ပါမည့်အစား ၈ ယောက်ပါဝင်မှာဖြစ်တာကြောင့် ဇာတ်ကားနာမည်ကို “Ocean’s Ocho” လို့ယာယီအမည်ပေးထားပါတယ်။

Ocean’s Eleven ဇာတ်ကားတွဲကို ပြန်လည်ရိုက်ကူတဲ့ Steven Soderbergh က ထုတ်လုပ်သူ George Clooney နှင့် ကွယ်လွန်သူ Jerry Weintraub နှင့်အတူ ၂၀၁၄ ခုနှစ်ကတည်းက ပြန်လည်ဆန်းသစ်ဖို့ ဇာတ်လမ်းတည်ဆောက်နေတာဖြစ်ပြီး Olivia Milch (Queen & Country, Little Women) ကဇာတ်ညွှန်းရေးသားမှာပါ။ Ocean’s ဟာ အောင်မြင်တဲ့ဇာတ်လမ်းတွဲဖြစ်ပြီး ၁၉၆၀ ခုနှစ်က Rat Pack ခေါင်းဆောင်ပြီး Frank Sinatra၊ Dean Martin နှင့် Sammy Savis Jr. တို့ပါဝင်တဲ့ မူရင်း Ocean’s 11 ကစတင်ခဲ့တာပါ။

Ross က လက်ရှိမှာ ဇွန်လ ၂၄ ရက်မှာထွက်မည့် Matthew McConaughey ပါဝင်တဲ့ Free State of Jones ဇာတ်ကားကို လက်စသတ်နေပါတယ်။

Kaling ရဲ့ Hulu ဇာတ်လမ်းတွဲ “The Mindy Project” က လတ်တလောမှာ ၅ ခုမြောက် Season ထွက်ရှိမှာဖြစ်ပြီး၊ Bonham Carter ကိုတော့ BBC အတွက် Nick Hornby ရေးသားတဲ့ “Love, Nina” ဇာတ်လမ်းတွဲတိုမှာ တွေ့မြင်ရမှာပါ။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Comingsoon