Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Miss Peregrine’s Home for Peculiar Children ဇာတ်ကား trailer သစ်ထွက်ရှိ

Miss Peregrine’s Home for Peculiar Children ဇာတ်ကား trailer သစ်ထွက်ရှိ

| No comment


20th Century Fox က Ransom Riggs ရဲ့ရောင်းအားအကောင်းဆုံးဝတ္ထုကို အခြေခံပြီးရိုက်ကူးထားတဲ့ Miss Peregrine’s Home for Peculiar Children ဇာတ်ကားအတွက် trailer အသစ်ထွက်ရှိလာပါတယ်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်မှာ ရုံတင်ပြသမည့် ဒီဇာတ်ကားမှာ Eva Green၊ Asa Butterfield၊ Chris O’Dowd၊ Ella Purnell၊ Allison Janney၊ Rupert Everett၊ Terence Stamp၊ Judi Dench နှင့် Samuel L. Jackson တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရောင်းအားအကောင်းဆုံးဝတ္ထုကို အခြေခံပြီးရိုက်ကူးထားခြင်းနှင့် စိတ်ကူးဉာဏ်ထက်မြက်တဲ့ ဒါရိုက်တာ Tim Burton တို့ပေါင်းလိုက်တော့ မမေ့နိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို တွေ့ကြုံခံစားရမှာပါ။ Jake တစ်ယောက် ကွဲပြားခြားနားနေတဲ့ လက်တွေ့ဘဝနှင့် အချိန်ကာလကို ဖြစ်ပေါ်စေတဲ့ လျှို့ဝှက်ဆန်းကြယ်မှုရဲ့ သဲလွန်စကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ တစ်မူထူးခြားသောကလေးများအတွက် Miss Peregrine ၏ ဂေဟာလို့ခေါ်တဲ့ ခိုလှုံရာ လျှို့ဝှက်နေရာကို ရှာဖွေတွေ့ရှိသွားပါတယ်။ အဲ့ဒီမှာနေထိုင်တဲ့သူတွေနှင့် သူတို့ရဲ့ထူးခြားတဲ့ စွမ်းရည်တွေကို သိရှိရပြီးနောက်မှာတော့ လုံခြုံမှုဆိုတာ စိတ်ရဲ့လှည့်စားမှုသာဖြစ်ပြီး စွမ်းအားကြီးမားပြီး မမြင်ရတဲ့ရန်သူရဲ့ အန္တရာယ်က ပုန်းခိုနေတယ်ဆိုတာကို Jake နားလည်သဘောပေါက်လာပါတယ်။ ဘယ်သူကအစစ်အမှန်ဖြစ်တယ်၊ ဘယ်သူ့ကို ယုံကြည်ရမယ်ဆိုတာနှင့် သူကိုယ်တိုင်က ဘယ်သူုဖြစ်တယ်ဆိုတာတွေကို Jake ကအဖြေရှာရမှာဖြစ်ပါတယ်။

Ransom Riggs ရဲ့ ဝတ္ထုကို ၂၀၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဒုတိယစာအုပ် “Hollow City” ကို ၂၀၁၄ မှာထုတ်ဝေခဲ့ပါတယ်။ Jane Goldman (X-Men: First Class, Kingsman: The Secret Service) က ဇာတ်ညွှန်းရေးသားပြီး Peter Chernin နှင့် Jenno Topping တို့က Miss Peregrine’s Home for Peculiar Children ဇာတ်ကားကို The Chernin Entertainment လက်အောက်ကထုတ်လုပ်မှာပါ။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Coming Soon