Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Nick Jonas က iHeartRadio MMVAs ဆုပေးပွဲတွင် International Artist Of The Year ဆုကိုရရှိခဲ့

Nick Jonas က iHeartRadio MMVAs ဆုပေးပွဲတွင် International Artist Of The Year ဆုကိုရရှိခဲ့

| No comment


Nick Jonas က နှစ်စဉ်ကျင်းပလေ့ရှိတဲ့ဆုပေးပွဲကို ပြန်ရောက်လာပြီး ၂၀၁၆ ခုနှစ်အတွ
က် ချီးမြှင့်တဲ့ iHeartRadio MMVAs ဆုပေးပွဲမှာ iHeartRadio International Artist Of The Year ဆုကို အိမ်အပါယူဆောင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာေ ဖျာ်ဖြေမှုလည်းပြုလုပ်ခဲ့ပါတယ်။

Nick Jonas က အမြဲတမ်းလိုပဲ ဆွဲဆောင်မှုအပြည့်ရှိနေပြီး ပရိသတ်တွေ၊ အမေရိကမှာ မကြာခင်ကဖြစ်ပျက်ခဲ့တဲ့ ပစ်ခတ်မှုမှာပါဝင်ခဲ့တဲ့ စတေးခံခဲ့ရသူတွေနှင့် မိသားစုဝင်တွေကို ရည်စူးပြီး
ဆုကိုလက်ခံရယူခဲ့ပါတယ်။ “ကြမ်းတမ်းခက်ခဲတဲ့ ရက်သတ္တပတ်အနည်းငယ်ဖြစ်ခဲ့ပါတယ်။ လောကကြီးမှာ အမုန်းတရားတွေ အကြမ်းဖက်မှုတွေအများကြီးရှိနေပေမယ့် အခုလိုအချိန်မျိုးမှာ
ပျော်ရွှင်မှုတွေအပြည့်နဲ့ ကောင်းမွန်တဲ့ပွဲတွေကို ကျွန်တော်တို့အားလုံးအတူတကွကျင်းပနိုင်တာ လှပတဲ့အရာတစ်ခုပါ” လို့ Nick Jonas ကပြောကြားခဲ့ပါတယ်။

Jonas က Tove Lo နှင့်တွဲဆိုထားတဲ့ “Close” သီချင်းပါရှိတဲ့ အများကမျှော်လင့်ထားတဲ့ တတိယမြောက်တစ်ကိုယ်တော် album ‘Last Year Was Complicated’ ကို ဇွန်လ ၁၀ရက်နေ့က ထွက်ရှိခဲ့ပါတယ်။

နောက်ထပ်ထွက်ရှိလာတဲ့သီချင်းတွေကတော့ “Chainsaw” “Bacon” နှင့် သီချင်းသစ် “Under You” အတွက် ၂၀၁၆ ခုနှစ် iHeartRadio MMVAs ဆုပေးပွဲမှာ ဧည့်သည်အဖြစ်တက်ရောက်ခဲ့တဲ့ Shay Mitchell နှင့်အတူရိုက်ကူထားတဲ့ ဗီဒီယိုကို ဒီတစ်ပတ်အစောပိုင်းက ထွက်ရှိခဲ့ပါတယ်။

Mitchell ကဆုကို iHeartRadio MMVAs ဆုပေးပွဲတွဲဖက်တင်ဆက်သူ Liz Trinnear
နှင့်အတူ ဆုချီးမြှင့်ပေးခဲ့ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Much Music