Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Power Rangers ဇာတ်ကားအတွက် teaser ပိုစတာအသစ်ထွက်ရှိ

Power Rangers ဇာတ်ကားအတွက် teaser ပိုစတာအသစ်ထွက်ရှိ

| No comment

Lionsgate က Power Rangers ဇာတ်ကား ၇ ကားအထိထွက်ဖို့ စဉ်းစားထားတယ်လို့ သတင်းပို့ထားပေမယ့် ပထမဆုံးဇာတ်ကားအတွက် teaser ပိုစတာအသစ်အပါအဝင် အချက်အလက်တွေကိုတော့ ပရိသတ်တွေဆီကို နည်းနည်းချင်းနှင့် ဖြည်းဖြည်းချင်းပဲ ထုတ်ပေးနေပါတယ်။

ပိုစတာမှာတော့ ကြယ်တာရာတွေလင်းလက်နေတဲ့ နောက်ခံမှာ အဓိကဇာတ်လိုက်တွေရဲ့ပုံရိပ်ကိုမြင်နေရပြီး၊ ကြယ်တာရအစုအဝေးကတော့ ဇာတ်လမ်းရဲ့အမှတ်သင်္ကေတဖြစ်တဲ့ မိုးကြိုးသွားပုံပေါ်နေပါတယ်။ “Together we are more” ဆိုတဲ့စာသားကိုလည်း ရေးသားထားပါတယ်။

Fox Kids ရဲ့ ၂၃ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ Mighty Morphin Power Rangers တီဗွီဇာတ်လမ်းတွဲကို အသက်ပြန်သွင်းထားတဲ့ ဒီဇာတ်ကားမှာ ၅ယောက်ပါဆယ်ကျော်အရွယ်လူငယ်တစ်စုက ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုဟ်သားတွေဖျက်ဆီးခြင်းရန်မှ ကမ္ဘာကြီးကိုကယ်တင်ပုံကို တွေ့မြင်ရမှာပါ။

ဒါရိုက်တာ Dean Israelite (Project Almanac) ရိုက်ကူးမည့်ဇာတ်ကားတွင် Billy အပြာရောင် Ranger အဖြစ် RJ Cyler (Me and Earl and the Dying Girl) ၊ Trini အဝါရောင် Ranger အဖြစ် အဆိုတော် Becky G ၊ Zack အနက်ရောင် Ranger အဖြစ် Ludi Lin (Monster Hunt) ၊ Jason အနီရောင် Ranger အဖြစ် Dacre Montgomery (Family Tree) ၊ Kimberly ပန်းရောင် Ranger အဖြစ် Naomi Scott (Lemonade Mouth) ၊ Rita Repulsa အဖြစ် Elizabeth Banks နှင့် Zordon အဖြစ် Bryan Cranston တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။

Power Rangers ဇာတ်ကားသစ်ကို ၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက်မှာ ရုံတင်မှာဖြစ်တဲ့အတွက် ပရိသတ်တွေအနေနှင့် mophin’ time ကိုနောက်တစ်ခါခံစားဖို့ ခဏတော့စောင့်ရဦးမှာပါ။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)


Ref : Comingsoon