Darth Vader ဟာ ဇာတ်ကွက်အတွက်အရေးပါတဲ့ နေရာကနေပါဝင်မယ်လို့ ကောလဟာလတွေထွက်နေခဲ့တာကြာပေမယ့် အခုတော့ အာကာသထဲမှာဖြစ်ပွားတဲ့ သိပ္ပံဝတ္ထုတွေရဲ့ နောက်ထပ်အခန်းဆက်ကောင်းတစ်ခုဖြစ်တဲ့ Rogue One: A Star Wars Story ဇာတ်ကားတွင် Darth Vader ပါဝင်မယ်ဆိုတာကိုအတည်ပြုလိုက်ပါပြီ။
ကံမကောင်းစွာနဲ့ပဲ Entertainment Weekly ကလာတဲ့ အသေးစိတ်အချက်အလက်ကတော့ ရှားပါးနေပါသေးတယ်။ ဒါပေမယ့်လည်း ၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ Revenge of the Sith ဇာတ်ကားမှာနောက်ဆုံးတွေ့ရပြီးနောက် Lord Vader ကိုနောက်တစ်ခါထပ်တွေ့ရမယ်ဆိုတာတော့ ကောင်းတဲ့အချက်ပါပဲ။
Rogue One ကိုဗဟိုပြုပြီးထုတ်မယ့် EW က မဂ္ဂဇင်းတွေမှာ ဘာတွေပါမလဲဆိုတာနဲ့ပတ်သတ်ပြီး အတည်ပြုချက်လေးကတော့:
ဇာတ်ကားအကြောင်းကြေညာပြီးကတည်းက အတည်ပြုပေးဖို့ ပရိသတ်တွေစောင့်မျှော်နေတဲ့ သတင်းကနောက်ဆုံးတော့ထွက်လာပါပြီ။ ဒါကတော့ Vader ပြန်လာပြီဆိုတာပါပဲ။ The Sith Lord ရဲ့ ပထမဆုံးနေ့ ရိုက်ကွင်းပေါ်က ဆိုရွားတဲ့အခြေနေတွေနှင့် သူပြန်ပေါ်လာတာက Star Wars ဇာတ်လမ်းလောကအတွက် ဘယ်လိုအဓိပ္ပာယ်ရှိမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။
( RII )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : Inside the Magic