Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Spider-Man: Homecoming ရိုက်ကွင်းပေါ်မှာ Spider-Man ဝတ်စုံနှင့်တွေ့ရတဲ့ Tom Holland

Spider-Man: Homecoming ရိုက်ကွင်းပေါ်မှာ Spider-Man ဝတ်စုံနှင့်တွေ့ရတဲ့ Tom Holland

| No comment

Marvel Studios ရဲ့ Spider-Man: Homecoming ဇာတ်ကားကိုစတင်ရိုက်ကူးတာ တစ်ပတ်လောက်ရှိပြီး ရိုက်ကွင်းပေါ်ကဓာတ်ပုံတွေကိုလည်းတွေ့ရှိခဲ့ရပြီးဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Tom Holland က Spider-Man ဝတ်စုံဝတ်ပြီး ရိုက်ကူးနေတဲ့ ဓာတ်ပုံတွေထွက်ရှိလာပါတယ်။



Spider-Man: Homecoming မှာပါဝင်တဲ့ တဖြည်းဖြည်းနှင့်တိုးပွားလျက်ရှိတဲ့ သရုပ်ဆောင်တွေကတော့ Peter Parker အဖြစ် Tom Holland၊ Aunty May အဖြစ် Marisa Tomei၊ Tony Stark အဖြစ် Robert Downey Jr.၊ Vulture ဖြစ်မယ်လို့ယူဆရတဲ့ ဗီလိန်အဖြစ် Michael Keaton၊ ဒုတိယဗီလိန်အဖြစ် Logan
Marshall-Green၊ Peter ရဲ့အထက်ကျောင်းက ကျောင်းအုပ်ကြီးအဖြစ် Kenneth Choi နှင့် Michelle အဖြစ် Zendaya တို့ဖြစ်ပါတယ်။

လျှို့ဝှက်ထားတဲ့ ဇာတ်ကောင်တွေနေရာမှာပါဝင်မည့်သူတွေကတော့ Donald Glover၊ Martin Starr၊
Michael Barbieri၊ Laura Harrier နှင့် Tonny Revolori တို့ဖြစ်ပါတယ်။ “တကယ့်ကို အိမ်ပြန်လာရသလိုပါပဲ။ ဇာတ်လမ်းတစ်လျှောက်လုံး Peter က သူဘယ်သူဖြစ်တယ်၊ လောကကြီးမှာ သူနဲ့သင့်တော်တဲ့နေရာက ဘယ်နေရာဖြစ်တယ်ဆိုတာကို ရှာဖွေဖို့ကြိုးစားနေတာကြောင့်ပါ” လို့ Tom Holland က ဒီနှစ်အစောပိုင်းကကျင်းပတဲ့ CinemaCon မှာ ဇာတ်လမ်းအမည်ကြေညာတုန်းက ပရိသတ်တွေကိုပြောခဲ့ပါတယ်။

Spider-Man: Homecoming ကို Vacation ကိုရေးသား ရိုက်ကူးခဲ့တဲ့ John Francis Daley နှင့် Jonathan Goldstein တို့က ဇာတ်ညွှန်းရေးသားမှာဖြစ်ပြီး Marvel Studios ဥက္ကဌ Kevin Feige
ပြောကြားချက်အရ MCU မှ ဇာတ်ကောင်များလည်းပါဝင်မှာဖြစ်ပါတယ်။ ဒါရိုက်တာ Jon Watts ရိုက်ကူးမယ့် Spider-Man: Homecoming ကို ပုံမှန်ရုပ်ရှင်ရုံနှင့် IMAX တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၇ ရက်မှာ
ရုံတင်ပြသမှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)


Ref : comingsoon