Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Spider-Man: Homecoming ရိုက်ကူးရေးစတင်၊ ရိုက်ကွင်းပေါ်မှ ဓာတ်ပုံများထွက်ရှိ

Spider-Man: Homecoming ရိုက်ကူးရေးစတင်၊ ရိုက်ကွင်းပေါ်မှ ဓာတ်ပုံများထွက်ရှိ

| No comment



Spider-Man: Homecoming ကို Atlanta, Georgia မှာစတင်ရိုက်ကူးနေပြီဖြစ်ပြီး စက်တင်ဘာလလယ်ထိ ဆက်လက်ရိုက်ကူးသွားမှာပါ။ သရုပ်ဆောင် Tom Holland က ကိုယ်ပိုင်အမှတ်အသားပြုလုပ်ထားတဲ့ ထိုင်ခုံပုံကိုတင်ခဲ့ပြီး Just Jared ကလည်း ရိုက်ကွင်းပေါ်မှ ဓာတ်ပုံများကိုတင်ခဲ့ပါတယ်။

Spider-Man: Homecoming မှာပါဝင်တဲ့ တဖြည်းဖြည်းနှင့်တိုးပွားလျက်ရှိတဲ့ သရုပ်ဆောင်တွေကတော့ Peter Parker အဖြစ် Tom Holland၊ Aunty May အဖြစ် Marisa Tomei၊ Tony Stark အဖြစ် Robert Downey Jr.၊ Vulture ဖြစ်မယ်လို့ယူဆရတဲ့ ဗီလိန်အဖြစ် Michael Keaton၊ ဒုတိယဗီလိန်အဖြစ် Logan Marshall-Green၊ Peter ရဲ့အထက်ကျောင်းက ကျောင်းအုပ်ကြီးအဖြစ် Kenneth Choi နှင့် Michelle အဖြစ် Zendaya တို့ဖြစ်ပါတယ်။ လျှို့ဝှက်ထားတဲ့ ဇာတ်ကောင်တွေနေရာမှာပါဝင်မည့်သူတွေကတော့ Donald Glover၊ Martin Starr၊ Michael Barbieri၊ Laura Harrier နှင့် Tonny Revolori တို့ဖြစ်ပါတယ်။



“တကယ့်ကို အိမ်ပြန်လာရသလိုပါပဲ။ ဇာတ်လမ်းတစ်လျှောက်လုံး Peter က သူဘယ်သူဖြစ်တယ်၊ လောကကြီးမှာ သူနဲ့သင့်တော်တဲ့နေရာက ဘယ်နေရာဖြစ်တယ်ဆိုတာကို ရှာဖွေဖို့ကြိုးစားနေတာကြောင့်ပါ” လို့ Tom Holland က ဒီနှစ်အစောပိုင်းကကျင်းပတဲ့ CinemaCon မှာ ဇာတ်လမ်းအမည်ကြေညာတုန်းက ပရိသတ်တွေကိုပြောခဲ့ပါတယ်။


Spider-Man: Homecoming ကို Vacation ကိုရေးသား ရိုက်ကူးခဲ့တဲ့ John Francis Daley နှင့် Jonathan Goldstein တို့က ဇာတ်ညွှန်းရေးသားမှာဖြစ်ပြီး Marvel Studios ဥက္ကဌ Kevin Feige ပြောကြားချက်အရ MCU မှ ဇာတ်ကောင်များလည်းပါဝင်မှာဖြစ်ပါတယ်။

ဒါရိုက်တာ Jon Watts ရိုက်ကူးမယ့် Spider-Man: Homecoming ကို ပုံမှန်ရုပ်ရှင်ရုံနှင့် IMAX တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၇ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Coming Soon