Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Supergirl ဇာတ်လမ်းတွဲ season 2 တွင် Superman ပါဝင်မည်

Supergirl ဇာတ်လမ်းတွဲ season 2 တွင် Superman ပါဝင်မည်

| No comment

Supergirl ဇာတ်လမ်းတွဲ season 2 ကို ဒီနှစ်ဆောင်ဦးမှာ The CW က ထုတ်လွှင့်သွားမှာဖြစ်ရုံသာမက girl of steel ဟာ သူမရဲ့နာမည်ကျော်
မောင်ဝမ်းကွဲကိုပါ ခေါ်ဆောင်လာမှာပါ။ The CW က Supergirl ဇာတ်လမ်းတွဲ season 2 မှာ Superman ပါဝင်မည်ဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။

“Greg Berlanti၊ Ali Adler နှင့်ကျွန်တော်တို့ Clark Kent တစ်ဖြစ်လဲ နာမည်နည်းနည်းပိုကြီးတဲ့ Superman ကို Supergirl ကမ္ဘာထဲကိုကြိုဆိုဖို့
အရမ်းကိုစိတ်လှုပ်ရှားမိပါတယ်။ Superman က season သစ်ရဲ့ ပထမဆုံးအပိုင်း ၂ ပိုင်းမှာပါဝင်မှာဖြစ်ပြီး နောက်ထပ် ဝတ်ရုံနီကိုဆင်မြန်မယ့်သူက ဘယ်သူုဖြစ်မလဲဆိုတာတွေ့ရဖို့မစောင့်နိုင်တော့ပါဘူး” လို့ စီမံခန့်ခွဲရေးထုတ်လုပ်သူ Andrew Kreisberg ကပြောပါတယ်။

ဒီဇာတ်ကောင်ဟာ ဇာတ်လမ်းစအဖွင်မှာပါဝင်ခဲ့ပြီး Kara နှင့် online မှဆက်သွယ်ခြင်းဖြင့် ဇာတ်လမ်းတွဲထဲမှာပါဝင်တဲ့သဘောမျိုးပါ။ Kara က Black Mercy ရဲ့ကူးစက်ခြင်းခံရတုန်းက Kal El အငယ်စားလေးပါဝင်ခဲ့ပါသေးတယ်။

Melissa Benoist က Supergirl ဇာတ်လမ်းတွဲရဲ့ခေါင်းဆောင်ဇာတ်ကောင်နှင့် အပြုအမူသိမ်မွေ့ပြီး သူဘယ်သူဆိုတာလျှို့ဝှက်ထားတဲ့ Kara Danvers အဖြစ်ပါဝင်ထားပါတယ်။ Supergirl ဇာတ်လမ်းတွဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ James Olsen အဖြစ် Mehcad Brook၊ Alura Zor-El အဖြစ် Laura Benati၊ Cat Grant အဖြစ် Calista Flockhart၊ Alexander “Alex” Danvers အဖြစ် Chyler Leigh၊ Winslow “Winn” Scott အဖြစ် Jeremy Jordan၊ Lucy Lane (Lois ၏ ညီမ) အဖြစ် Jenna Dewan Tatum၊ Hank Henshaw အဖြစ်
David Harewood၊ Maxwell Lord အဖြစ် Peter Facinelli၊ Kara ၏ မွေးစားမိဘများ Jeremiah နှင့် Eliza Danver အဖြစ် Dean Cain နှင့် Helen Slater တို့ပါဝင်ပါတယ်။

Supergirl ဇာတ်လမ်းတွဲကို အရင်က CBS မှ တနင်္လာနေ့များတွင်ထုတ်လွှင်ခဲ့ပြီး အဲဒီအချိန်အတိုင် ဒီနှစ်ဆောင်ဦးမှာ The CW က ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။



( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : ComingSoon