SM Entertainment မှအနုပညာရှင်များစွာက UNICEF ရဲ့ ‘Imagine Project’ အသစ်အတွက် ပါဝင်ခဲ့ကြပါတယ်။
Super Junior အဖွဲ့မှ Siwon၊ TVXQ အဖွဲ့မှ Changmin၊ EXO အဖွဲ့မှ Chen နှင့် Baekhyun၊ Girls’ Generations အဖွဲ့မှ Seohyun၊ SHINEE အဖွဲ့မှ
Minho၊ TRAX အဖွဲ့မှ Jay၊ J-Min နှင့် Lee Dong Woo တို့က Katie Perry၊ David Guetta အပါအဝင် ကမ္ဘာတစ်လွှားမှ အနုပညာရှင်များစွာနှင့်အတူ ‘A Fair
Chance for Every Child’ လို့အမည်ပေးထားတဲ့ campaign အသစ်အတွက် John Lennon ရဲ့ “Imagine” သီချင်းကို သီဆိုပေးခဲ့ကြပါတယ်။
Siwon နှင့် Changmin တို့ စစ်တပ်ထဲမဝင်ခင်မှာတော့ ဒီဗီဒီယိုကို အပြီးသတ်ရိုက်ကူးနိုင်ခဲ့တဲ့ပုံပါပဲ။
( RII )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : allKpop