Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Wolverine 3 ဇာတ်ကားရိုက်ကွင်းပေါ်မှ Hugh Jackman ၏ ဓာတ်ပုံများထွက်ရှိလာ

Wolverine 3 ဇာတ်ကားရိုက်ကွင်းပေါ်မှ Hugh Jackman ၏ ဓာတ်ပုံများထွက်ရှိလာ

| No comment


20th Century Fox က Wolverine 3 ဇာတ်ကားကို New Orleans မှာ စတင်ရိုက်ကူးနေပြီဖြစ်ပြီး Just Jared က ဇာတ်ကားရိုက်ကွင်းပေါ်မှ
ဓာတ်ပုံများကိုဖော်ပြခဲ့ပါတယ်။

ဒီဇာတ်ကားမှာပါဝင်မယ့်သရုပ်ဆောင်တွေကတော့ Wolverine အဖြစ် Hugh Jackman နှင့် Professor X အဖြစ် Patrick Stewart တို့ဖြစ်ပါတယ်။ သူတို့နှင့်အတူ Boyd Holbrook၊ Stephen Merchant၊ Richard E. Gran၊t Eriq La Salle၊ Elise Neal  နှင့် Elizabeth Rodriguez တို့လည်းပါဝင်မှာပါ။

ဒီဇာတ်ကားမှာ အဓိကရန်ဘက်ကတော့ Wolverine ရဲ့ အကြိုက်ဆုံးအဖွဲ့ဖြစ်တဲ့ Weapon X ပါ။ The Reavers နှင့် ဇာတ်လမ်းထဲမှာ ဘယ်လိုဖြစ်မယ်ဆိုတာတော့ စောင့်ကြည့်ရမှာပေမယ့် Wolverine နှင့် သူ့ကိုယ်ပွားငယ်ဖြစ်တဲ့ X-23 ကို တားဆီးဖို့၊ ဖမ်းဖို့ လက်တွဲလုပ်ဆောင်နေတာဖြစ်နိုင်ခြေများပါတယ်။

David James Kelly ရဲ့ဇာတ်ညွှန်းကို James Mangold ကရိုက်ကူးမှာပါ။ ထုတ်လုပ်သူ Simon Kinberg က ဇာတ်ကားဟာ R rating ဖြစ်မယ်ဆိုတာကို အရင်က အတည်ပြုပေးခဲ့ပါတယ်။ Mangold အရင်ကရိုက်ကူးခဲ့တဲ့ The Wolverine ဟာရုံတင်ပြသပြီးနောက်မှာ home media အတွက် နောက်ထပ် R-rated ထွက်ရှိလာခဲ့ပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Comingsoon