Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Zayn Malik ရဲ့ albumသစ်ကို နားထောင်ပြီး တုံ့ပြန်ချက်ပေးခဲ့တဲ့ Taylor Swift

Zayn Malik ရဲ့ albumသစ်ကို နားထောင်ပြီး တုံ့ပြန်ချက်ပေးခဲ့တဲ့ Taylor Swift

| No comment

အနုပညာရှင် တစ်ယောက်နှင့် မိတ်ဆွေဖြစ်ပြီဆိုရင် အထူးသဖြင့် Taylor Swift နဲ့ မိတ်ဆွေဖြစ်ပြီဆိုရင် ခြွင်းချက်မရှိ ထောက်ခံအားပေးမှုတွေရတတ်ပါတယ်။

မကြာခင်က Zayn Malik ရဲ့ ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ပြီးနောက်မှာ Gigi Hadid က ထောက်ခံအားပေးခဲ့တာတွေ့ရပြီး သူမရဲ့ သူငယ်ချင်းကောင်းဖြစ်တဲ့ Taylor Swift ကလည်း Zayn ကို အကြံဉာဏ်တချို့ပေးကြောင်း သိခဲ့ရပါတယ်။

“ကျွန်တော်နဲ့တန်းတူလူတွေဆီက တုံ့ပြန်ချက်သိပ်မရပါဘူး။ Taylor နဲ့တော့ စကားနည်းနည်းပြောဖြစ်ပါတယ်။ Gigi ရဲ့အိမ်မှာ ကျွန်တော်တို့ခဏစကားပြောဖြစ်တော့ သူက ကျွန်တော့် albumကို တကယ်ကြိုက်တယ်လို့ပြောပါတယ်။ တုံ့ပြန်ချက်လေးတွေရတာ ကောင်းပါတယ်။ သူက ကျွန်တော့်ကိုမိုက်တယ်လို့ထင်တယ်ပြောတော့ ကျွန်တော်ရှက်ပြီး ဘယ်လိုနေရမှန်းတောင်မသိဘူး” လို့ Zayn က Dazed ကိုပြောပါတယ်။

Taylor Swift ကသဘောကျ ထောက်ခံတယ်ဆိုရင်တော့ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဆိုတာ သေချာပါတယ်။ သီချင်းအတူတွဲဆိုရလောက်အောင် သဘောကျပါစေလို့ပဲ မျှော်လင့်ရမှာပါ။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : TeenVogue