Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , စိုးရိမ်သောကတွေများတဲ့စိတ်ကြောင့် ဖျော်ဖြေပွဲဖျက်လိုက်တဲ့ Zayn Malik

စိုးရိမ်သောကတွေများတဲ့စိတ်ကြောင့် ဖျော်ဖြေပွဲဖျက်လိုက်တဲ့ Zayn Malik

| No comment

Zayn Malik က စနေနေ့က သူရဲ့ Summertime Ball ဖျော်ဖြေပွဲကိုဖျက်လိုက်တာဟာ စိုးရိမ်သောကတွေများတဲ့စိတ်ကြောင့်ဖြစ်ကြောင်း Twitter မှာဖော်ပြခဲ့ပါတယ်။

“ကံမကောင်းစွာနဲ့ပဲ တိုက်ရိုက်ဖျော်ဖြေမှုတွေနှင့်ပတ်သက်ပြီး ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက ခံစားနေရတဲ့ စိုးရိမ်သောကတွေဟာပိုဆိုးလာပါတယ်။ ဒီပွဲကအရမ်းအရေးပါတာကြောင့် ကျွန်တော့်အနုပညာသက်တမ်းတစ်လျှောက်မှာ အဆိုးဝါဆုံး စိုးရိမ်သောကတွေကိုခံစားနေရပါတယ်” Zayn က လို့ရေးသားခဲ့ပါတယ်။

Summertime Ball ဟာ လန်ဒန်မြို့က လူပေါင်း ၉၀၀၀၀ ဆံ့တဲ့ Wembley Stadium မှာကျင်းပတာပါ။ တစ်ကိုယ်တော်စဆိုကတည်း Zayn က iHeartRadio Music Award နှင့် Los Angeles က Wango Tango ပွဲအပါအဝင် အချိန်တိုတဲ့ပွဲအနည်းငယ်မှာပဲ ဖျော်ဖြေခဲ့တာပါ။

“တောင်းပန်လို့ဆုံးနိုင်မှာမဟုတ်ပေမယ့် ကျွန်တော့်ကိုတွေ့ဖို့စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တဲ့လူတွေကို ပွင့်ပွင့်လင်းလင်းပြောပြချင်ပါတယ်။ ဒီနေ့ကျွန်တော့်ကြောင့် စိတ်ပျက်ရတဲ့လူတွေကို အကောင်ဆုံးကြိုးစားပြီး ပြန်ဆပ်ပါ့မယ်လို့ ကတိပေးပါတယ်” လို့ Zayn က ဆက်လက်ရေးသားခဲ့ပါတယ်။

မော်ဒယ် Gigi Hadid က Zayn ရဲ့ Tweet ကို ဒီအခြေအနေကို ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး သူမရည်စားကို ချီးကျူးထားတဲ့ သူမကိုယ်ပိုင်မှတ်ချက်နှင့် အကြောင်းပြန်ခဲ့ပါတယ်။ “ပရိသတ်တွေအတွက် စင်ပေါ်တက်အောင် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတယ်၊ ဘယ်လိုဖြတ်ကျော်ရတယ်ဆိုတာ ကိုယ်တိုင်တွေ့ပြ
ီးပါပြီ။ အဲ့ဒီလိုအချိန်တွေမှာ သတ္တိရှိတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါပေမယ့် မနေညကလို ပွင့်ပွင့်လင်းလင်းပြောပြတာဟာ စစ်မှန်ကြောင်း သက်သေပြနေပါတယ်” လို့ Gigi Hadid က ရေးသားခဲ့ပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : EW