ကြာသပတေးနေ့က Chrissy Teigen နဲ့ John Legend တို့ဟာ 'All of Me' သီချင်းဗီဒီယိုထဲက အိမ်ကို သွားရောက်လည်ပတ်ခဲ့ကြပါသတဲ့။
အသက် ၃၀ အရွယ် မော်ဒယ်လ်နဲ့ ၃၇ နှစ်အရွယ် သီချင်းရေးဆရာ အဆိုတော် ဖြစ်သူတို့ဟာ ၂၀၁၃ ခုနှစ်က ရိုက်ကူးခဲ့တဲ့ သီချင်းဗီဒီယိုထဲက အိမ်ရှိရာ Lake Como, Italy ကို သမီးလေးဖြစ်သူ Luna နဲ့အတူ ထပ်မံလာရောက်လည်ပတ်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ Teigen နဲ့ Legend ဟာ "All of Me" သီချင်းကို မင်္ဂလာပွဲမတိုင်မီ တစ်ရက်အလိုမှာ ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က အီတလီကို အလည်အပတ်ရောက်လာကြတဲ့ ဒီစုံတွဲ သုံးလသား သမီးငယ်လေးနဲ့အတူ ရိုက်ကူးထားတဲ့ ပုံတွေကို အများကြီး ဖော်ပြခဲ့ကြပါတယ်။
( Michelle )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : UPI