Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , နယူးယောက်မြို့ထဲက ချစ်စရာစုံတွဲ

နယူးယောက်မြို့ထဲက ချစ်စရာစုံတွဲ

| No comment

အားလုံးသိကြတဲ့အတိုင်းပဲ စူပါမော်ဒယ် ဂျီဂျီဟက်ဒစ်နဲ့ အဆိုကျော် ဇေန်မာလိခ်တို့ရဲ့ သာယာနေတဲ့ အတွဲပဲဖြစ်ပါတယ်။ နယူးယောက်မြို့မှာတော့ နှစ်ဦးသား ပတ်ဝန်းကျင် ဘေးဘီကို ဂရုပြုတဲ့ပုံမပေါ်ဘဲ အချစ်လမ်းတွေကို လျှောက်နေပါတယ်။

 လက်တွဲမဖြုတ်တမ်းပဲ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတဲ့ ပုံကတော့ တစ်ခြားအတွဲတွေ အားကျစရာပဲဖြစ်ပါတယ်။

ဂျင်းဘောင်းဘီတစ်တည် ၊ ဘွတ်ဖိနပ်တစ်ရန်နဲ့ နှစ်ထပ်သား တီရှပ်တို့ကို ဝတ်ဆင်ထားတဲ့ ဇေန်ကတော့ အထာကျနေပြီး ဘေးနားက ရွှေရောင်ဆံနွယ်နဲ့ မဒီကလည်း မီးခိုးရောင် ဘောင်းဘီအကျပ်တစ်ထည်နဲ့ ရိုးရိုး ဘလောက်စ်အဖြူတစ်ထည်နဲ့ လှပလို့ နေပါတယ်။

ဂျီဂျီကတော့ သူမရဲ့ Instagram စာမျက်နှာမှာ သူတို့အတွဲပုံတွေကို မကြာခဏတင်ကြွားလေ့ရှိပြီး သူတို့ရဲ့ RS ကတော့ ကာလရှည်ခိုင်မြဲသွားဖွယ်လည်း ရှိနေပါတယ်။

အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ စူပါမော်ဒယ်ကတော့ သူမရဲ့ နယ်ပယ်မှာလည်း အောင်မြင်မှုတွေရရှိနေသလိုပဲ ဇေန်ကတော့ တစ်ကိုယ်တော်လှုပ်ရှားမှုတွေနဲ့အတူ ပရိသတ်ကို ဖျော်ဖြေပေးနိုင်ဖို့အတွက် ဆက်လက်ပြီး ကြိုးစားနေဆဲပဲဖြစ်ပါတယ်။ Zayn ရဲ့ သီချင်းအတိုင်းပဲ သူတို့နှစ်ယောက်ကြားမှာ Pillowtalk လေးတွေများ ပျံလွှင့်နေမလားဆိုတာကတော့ …

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : DailyMail