Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကနေဒါမော်ဒယ်က အချစ်တော်ကြောင်ကြီးနဲ့အတူ ကာယလေ့ကျင့်ခန်းတွေတူတူပြုလုပ်

ကနေဒါမော်ဒယ်က အချစ်တော်ကြောင်ကြီးနဲ့အတူ ကာယလေ့ကျင့်ခန်းတွေတူတူပြုလုပ်

| No comment


ကနေဒါမော်ဒယ်လ်တစ်ယောက်က သူ့ရဲ့အချစ်တော် ကြောင်ကြီးနဲ့အတူတူ ဘယ်လို ကာယလေ့ကျင့်ခန်းတွေ လုပ်လည်းဆိုတာကို ဗီဒီယိုဖိုင်တင်ပေးထားပါတယ်။

Travis DesLaurier က သူ့ရဲ့ ကြောင်ကြီး Jacob ကို လေထဲထိ ချီမြှောက်ပြီး လေ့ကျင့်ခန်းတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။

 “ကျွန်တော်နဲ့ Jacob တို့က လေ့ကျင့်ခန်းတွေကို အပြင်းအထန် လုပ်ကြတာပါ..သူနဲ့အတူ လေ့ကျင့်ခန်းလုပ်ရတာ အဖော်ရတဲ့အပြင် ၂ ဆလောက်ပိုပြီး လေ့ကျင့်ဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။

Jacob က လေ့ကျင့်ခန်းတွေ ပြီးသွားရင်လည်း DesLaurier ရဲ့ ပုခုံးပေါ်မှာ ထိုင်ပြီး ချွေးသုတ်ပ၀ါအဖြစ်ပါ နေရာယူထားပါသေးတယ်။

Jacob ရဲ့ ကိုယ်ပိုင် Instagram မှာလည်း လေ့ကျင့်ခန်းလုပ်နေတဲ့ ပုံတွေ တင်ထားပြီး “ အမိုက်စားဘော်ဒီ ပြန်ရဖို့ ကျွန်တော့် ဒယ်ဒီကို ကူညီနေပါတယ် “ လို့လည်း ရေးသားထားပါသေးတယ်။

ဗီဒီယိုကိုတော့ ဒီလင့်ခ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/1516508871942621/videos/1743605775899595/

( Michelle )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : UPI