Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဂျက်စတင်ဘီဘာနဲ့ ကော်ဒီဆင်ပဆင်တို့ ပူးပေါင်းဖန်တီးထားတဲ့သီချင်း အွန်လိုင်းပေါ်မှာပေါက်ကြား

ဂျက်စတင်ဘီဘာနဲ့ ကော်ဒီဆင်ပဆင်တို့ ပူးပေါင်းဖန်တီးထားတဲ့သီချင်း အွန်လိုင်းပေါ်မှာပေါက်ကြား

| No comment


ဂျက်စတင်ဘီဘာနဲ့ ကော်ဒီဆင်ပဆင်တို့ကတော့ “Home to Mama” သီချင်းနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ ကော်ဒီရဲ့ အယ်လ်ဘမ်သစ်ထဲမှာ ပါဝင်မယ်လို့ ယူဆရတဲ့ သီချင်းအေးလေးတစ်ပုဒ်က အွန်လိုင်းပရိသတ်တွေကြားမှာ ပေါက်ကြားပျံနှံ့လာခဲ့ပြီး အတော်လေးကို ဂယက်ရိုက်နေပါတယ်။

"Girl your love is all I know/ It's all I know/ And your heart is all I want/ I won't let go/ I don't wanna lose you girl not now, not never/ I ain't trying to lose you girl/ So let's stay together, together, together," ဆိုတဲ့ စာသားတွေကို JB နဲ့ ကော်ဒီတို့ နှစ်ဦးပေါင်းစပ်သီဆိုတဲ့ သံစဉ်တွေက sound cloud မှာ ပျံနှံ့လျက်ရှိနေပါတယ်။

၂၀၁၄ ခုနှစ်မှာ နှစ်ယောက်ပေါင်းပြီး သီချင်းတွေ စတင်သီဆိုခဲ့ကြပြီး ၂၀၁၅ မှာတော့ “Home To Mama” ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ “La Da Dee” သီချင်းနဲ့ နာမည်ကျော်ခဲ့တဲ့ ကော်ဒီဆင်ပဆင်ဟာ သူ့ရဲ့ အယ်လ်ဘမ်သစ်မှာ ဒီသီချင်းကို ထည့်သွင်းသွားဖို့ ရည်ရွယ်ထားတာဖြစ်ပြီး သီချင်းနာမည်ကိုတော့ တိတိကျကျမသိရသေးပါဘူး။

အွန်လိုင်းက ပရိသတ်တော်တော်များများကတော့ ဒီ collab ကို ‘Stay Together’ လို့ ခေါ်ဆိုနေကြပြီး တစ်ချို့ပရိသတ်တွေကလည်း ‘Heroine(Let’s Go)’ လို့ ခေါ်ဆိုနေကြတယ်လို့ သိရပါတယ်။ ဒီသီချင်းကိုတော့ အောက်ကလင့်ခ်မှာ သွားရောက်နားဆင်နိုင်ပါတယ်။


https://soundcloud.com/danubia-mendes/justin-bieber-x-cody-simpson-heroine-let-go

( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Aceshowbiz