Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Civil War ကို ၂၀၁၆ ခုနှစ်အတွက် ပြည်တွင်းဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် ကျော်တက်သွားတဲ့ Finding Dory

Civil War ကို ၂၀၁၆ ခုနှစ်အတွက် ပြည်တွင်းဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် ကျော်တက်သွားတဲ့ Finding Dory

| No comment

ဒီတစ်ပတ်မှာတော့ Finding Dory က Captain America: Civil War ကိုကျော်တက်ပြီးတော့ ၂၀၁၆ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ရုံတင်ဇာတ်ကားဖြစ်လာပါတယ်။

Captain America: Civil War က အမေရိကန်ဒေါ်လာ ၄၀၆.၂ သန်း ဝင်ငွေရရှိခဲ့ပြီး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄၂၃ သန်း ဝင်ငွေရရှိခဲ့တဲ့ Finding Dory က လောလောဆယ်တော့ မြောက်အမေရိကမှာ ဒီနှစ်အတွက် ဝင်ငွေအကောင်းဆုံး ရုံတင်ဇာတ်ကားဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀၀ အမှတ်ကိုရောက်ရှိခဲ့တဲ့ မှတ်တမ်းဝင်ဇာတ်ကား ၂၄ ကားထဲမှာ တစ်ကားအပါအဝင်ဖြစ်ပါတယ်။

Finding Dory က ရုံတင်ပြီးတစ်လမပြည့်ခင်မှာပဲ ပြည်တွင်းရုံတင်ဇာတ်ကားမှတ်တမ်းမှာ ဒုတိယမြောက် ဝင်ငွေအကောင်းဆုံး animated ဇာတ်ကားဖြစ်လာတာကြောင့် Dory နှင့် သူမရဲ့သူငယ်ချင်းငါးလေးတွေကတော့ ဒုတိယမြောက် ပြည်တွင်းစံချိန်တစ်ခုကို ရောက်ရှိဖို့နီးစပ်နေပါပြီ။ ဒီစံချိန်ကိုတော့ Shrek 2 က အမေရိကန်ဒေါ်လာ ၄၄၁.၂ သန်း နှင့်ရရှိထားတာပါ။

Finding Dory က နိုင်ငံတကာမှာတော့ စုစုပေါင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၆၄၃ သန်းရရှိထားပြီး မက်ဆီကို၊ ဂျပန်၊ U.K၊ အီတလီနှင့် ဂျာမနီနိုင်ငံတွေမှာတော့ ရုံမတင်သေးပါဘူး။

Dory ရဲ့ ပြည်တွင်းမှာအောင်မြင်မှုဟာ ဒီတစ်ပတ် နိုင်ငံတကာရုံတင်ဇာတ်ကားမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံရရှိခဲ့တဲ့ Disney အတွက် နောက်ဆုံးပေါ်အောင်မြင်မှုဖြစ်ပြီး ရုပ်ရှင်လောကအတွက် အမြန်နှုန်းစံချိန်တင်ခဲ့ပါတယ်။ Disney က ပြီးခဲ့တဲ့နှစ်က ဒီဇင်ဘာ ၂၀ ရက်မှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံရရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော Disney က ၂၀၁၆ ခုနှစ်ရဲ့ ထိပ်တန်းပြည်တွင်းရုံတင်ကား ၅ ကားမှာ Finding Dory၊ Captain America၊ The Jungle Book နှင့် Zootopia တို့နှင့် ၄ ကားနေရာယူထားပါတယ်။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : EW