
Chloe Grace Moretz က သူမအတွက် အခုချိန်ထိအကြီးကျယ်ဆုံး မော်ဒယ်တင်ဆက်မှုအဖြစ် Coach ရဲ့ ဆောင်းဦးရာသီအတွက် ကိုယ်စားပြုသူဖြစ်လာပါတယ်။ ၁၉၁၇ နှင့် ၁၉၃၀ ပြည့်နှစ်ကြားမှာ ထုတ်လုပ်ထားတဲ့ကားတွေနှင့် ဝန်းရံကာ နယူယော့မြို့ရဲ့ မိုးကုန်စက်ဝိုင်းကိုနောက်ခံထားပြီး Coach အတွက် မော်ဒယ်လုပ်ထားတဲ့ Chloe ကို နာမည်ကျော်ဓာတ်ပုံဆရာ Steven Meisel က ဘရွတ်ကလင်းမြို့မှာ ရိုက်ကူးပေးထားတဲ့အတွက် ဒီကြော်ငြာဟာ ခပ်မိုက်မိုက်မိန်းကလေးတစ်ယောက်ရဲ့ ခံစားမှုမျိုးကိုပေးစွမ်းနေပါတယ်။
“Steven နဲ့အတူရိုက်ရတာ အရမ်းသဘာဝကျတဲ့အတွက် ကျွန်မရဲ့ကိုယ်ခွဲလိုပဲ ခံစားရတယ်။ သူက တကယ်ကို Coach Girl ရဲ့ အနှစ်သာရကို အမိအရ ရိုက်ကူးနိုင်တယ်” လို့ Chloe ကကောက်ချက်ချပါတယ်။ လိပ်ပြာပုံတွေကပ်ထားတဲ့လက်ကိုင်အိတ်ကနေ ဗာစတီဂျာကင်အထိပါဝင်တဲ့ ငယ်ရွယ်တက်ကြွမှုနှင့် ခေတ်ဆန်ကြော့မော့ဟန်ကို အကောင်းဆုံးဖြစ်အောင် ရောယှက်ထားတဲ့ collection ဖြစ်ပါတယ်။
ကားတွေနှင့်ရိုက်ထားတာကတော့ အရင်ခေတ်က သဘောကျတတ်တဲ့ နွေရာသီမှာ ကားနှင့်ခရီးသွားတာကို ရည်ညွှန်းတာပါ။ “သူ့ဒီဇိုင်းတွေကို ရာသီတိုင်းတွေ့ချင်ပါတယ်။ အမေရိကတစ်လျှောက် ကားနှင့်ခရီးထွက်ရသလိုပါပဲ” လို့ Chloe ကပြောပါတယ်။
Chloe ရဲ့လမ်းပေါ်ကစတိုင်ကတော့ သူမကို မကြာခဏ အကောင်းဆုံးဝတ်စားဆင်ယင်မှု စာရင်းဝင်စေပါတယ်။ သူမရဲ့အပြစ်ကင်းစင်တဲ့ စတိုင်ရဲ့လျှို့ဝှက်ချက်ကတော့ အထပ်ထပ်ဝတ်ချင်းပါပဲ။ “ဗာစတီဂျာကင်ကို အပေါ်ကထပ်ဝတ်ရတာ ကောင်းပါတယ်။ ရာသီဥတုပိုအေးလာရင် ဝတ်ဖို့စောင့်နေပါတယ်”
အကြိုက်ဆုံးပစ္စည်းကိုမေးတဲ့အခါမှာတော့ အမှတ်တံဆိပ်ရဲ့ နာမည်ကြီးအသုံးဆောင်ပစ္စည်းကို ဘက်လိုက်ရွေးချယ်ခဲ့ပါတယ်။ မရွေးခင်မှာ “တစ်ခုတည်းရွေးရမှာဆိုတော့ ခက်လိုက်တာ” လို့ပြောပြီး “လိပ်ပြာပုံတွေကပ်ထားတဲ့လက်ကိုင်အိတ်” ကိုရွေးချယ်ခဲ့ပါတယ်။ တကယ်တော့ Chloe က အဲ့ဒီလက်ကိုင်အိတ်နှင့်ရိုက်ဖို့အထူးတောင်းဆိုခဲ့တာဖြစ်ပြီး မကြာခင်မှာ Los Angeles မြို့ထဲ ထွက်လည်တဲ့အခါမှာ အဲ့ဒီအိတ်လေးကိုင်ထားတာကိုတွေ့ရတော့မှာပါ။ “အဲ့ဒီလက်ကိုင်အိတ်လေးကို တစ်ကယ်ကိုင်ပြီးရိုက်ရတာ အရမ်းသဘောကျတာပဲ” လို့ Chloe ကပြောပါတယ်။
Chloe ကကယ်လီဖိုးနီးယားမြို့သူဖြစ်ပေမယ့်လည်း အများအားဖြင့် နယူးယော့မြို့မှာနေလေ့ရှိပါတယ်။ “Lower East Side မှာ လျှောက်သွားရတာ သဘောကျပါတယ်။ ကြည့်စရာတွေလည်းအများကြီးရှိပြီး စူးစမ်းသွားလာစရာနေရာသစ်တွေ အမြဲရှာတွေ့တတ်တယ်။” သူမ အကြိုက်ဆုံး ပီဇာဆိုင်ကရောဘာများဖြစ်မလဲ? သေချာပေါက် “Macdougal က Emmett ပီဇာ” ပဲပေါ့လို့ပြောပါတယ်။
( RII )
#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Ref : TeenVogue