Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / မင်္ဂလာသက်တမ်း ၁၇ နှစ်ပြည့်သွားတဲ့ David Beckham နဲ့ Victoria Beckham

မင်္ဂလာသက်တမ်း ၁၇ နှစ်ပြည့်သွားတဲ့ David Beckham နဲ့ Victoria Beckham

| No comment

အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ဘောလုံးကစားသမားဟောင်း နှင့် အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ Spice Girls အဖွဲဝင်ဟောင်းနှင့် ဖက်ရှင်ဒီဖဇိုင်နာတို့က ၁၉၉၉ ခုနှစ်တုန်းက မင်္ဂလာဆောင်ဓာတ်ပုံကို တင်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ အိုင်ယာလန်က Luttrellstown Castle မှာလက်ထပ်ခဲ့ကြတာဖြစ်ပြီး စိတ်ကူးလို့ရသလောက် ခမ်းနားထည်ဝါတဲ့နေ့လေးဖြစ်ခဲ့ပုံပါပဲ။

“တကယ့်ကိုကံထူးပြီး အချစ်ခံရတယ်လို့ ခံစားရပါတယ်။ ကျွန်မရဲ့ သူငယ်ချင်းကောင်း၊ ကျွန်မရဲ့ အချစ်” လို့ Victoria Beckham က David Beckham နှင့် သူမတို့ မင်္ဂလာဝတ်စုံကိုဝတ်ဆင်ထားပြီး ပွေ့ဖက်နေတဲ့ ဓာတ်ပုံအောက်မှာရေးသားခဲ့ပါတယ်။ “ကျွန်မကို နေ့စဉ် စိတ်ကူးကောင်းတွေပေးတဲ့ အကြင်နာတတ်ဆုံးသူ။ ကမ္ဘာပေါ်မှာထာဝရအကောင်းဆုံးခင်ပွန်းနှင့် ဖခင်အတွက် ပျော်စရာနှစ်ပတ်လည်ဖြစ်ပါစေ #HappilyEverAfter @davidbeckham @brooklynbeckham X VB” လို့ရေးသားခဲ့ပါတယ်။

ဒီချိန်မှာပဲ David ကလည်း နှစ်ယောက်သားလက်ချင်းတွဲပြီး ထိုင်နေတဲ့ပုံကိုတင်ခဲ့ပါတယ်။ Victoria ရဲ့ မင်းသမီးလေးရဲ့ဝတ်စုံနှင့်တူတဲ့ ကြီးမားတဲ့စကတ်အပြည့်ကလည်း အောက်မှာပြန့်ဝဲနေပါတယ်။

“လွန်ခဲ့တဲ့ ၁၇ နှစ် ဒီနေ့တုန်းက ဒီလိုဖြစ်ခဲ့တာပဲ…” လို့ကိုယ်ပိုင်စာသားတွေနှင့်ရေးသားခဲ့ပါတယ်။ “တူညီတဲ့ စိတ်ဓာတ်ခွန်အား နှင့် ဘဝမှာ တူညီတဲ့အရာတွေကိုလိုချင်တဲ့သူနှင့် တွေ့ခဲ့ရတဲ့အတွက် ကျွန်တော်ကံကောင်းပါတယ်….ချောမောလှပတဲ့ ကလေး ၄ ယောက်လည်းရရှိခဲ့ပြီး သူ့တို့အတွက်ပိုချစ်ခင်တတ်ပြီး ဂရုစိုက်တတ်တဲ့မိခင်လည်းရှိပါတယ်…. ပျော်စရာနှစ်ပတ်လည်ဖြစ်ပါစေ။ ချစ်ပါတယ်” လို့ရေးသားခဲ့ပါတယ်။



( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Today