Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Disney ရဲ့ပထမဆုံး လက်တင်လူမျိုးမင်းသမီးလေးပါဝင်တဲ့ TV Show အတွက် sneak peek ထွက်ရှိ

Disney ရဲ့ပထမဆုံး လက်တင်လူမျိုးမင်းသမီးလေးပါဝင်တဲ့ TV Show အတွက် sneak peek ထွက်ရှိ

| No comment

မကြာမီကကျင်းပခဲ့တဲ့ 100th Disney Channel Original Movie ပွဲနှင့် ပြန်လည်ဆန်းသစ်ဖို့ဖြစ်နိုင်ခြေရှိတဲ့ Zenon: Girl of 21st Century ကြောင့် လတ်တလောမှာ Disney အတွက် စိတ်လှုပ်ရှားစရာတွေနှင့်ပြည့်နက်နေပါတယ်။

ပြီးခဲ့တဲ့လက Disney က လက်တင်လူမျိုးမင်းသမီးလေး Elena of Avlor ကို ပရိသတ်နှင့်မိတ်ဆက်ပေးခဲ့ပြီး နောက်ဆုံးတော့ ပထမဆုံးအပိုင်းရဲ့ sneak peek ထွက်လာပါပြီ။ ပထမဆုံးအပိုင်းဆိုတာနှင့်အညီ “First Day of Rules” လို့အမည်ပေးထားတဲ့ ဒီအပိုင်းမှာ သူ့အစ်မ Isabel ကိုကယ်တင်ဖို့ ခရီးတစ်ခုစတင်ခဲ့တဲ့ သူရဲကောင်းဆန်တဲ့ အပြုအမူကိုတွေ့ရှိရမှာပါ။

Isabel နှင့်အစောင့်တွေကို လှေပေါ်မှာဖမ်းသွားတာကိုသိရပြီးပေမယ့် ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ စလွှင့်မည့်နေ့ ဇူလိုင်လ ၂၂ ရက်နေ့အထိစောင့်ရဦးမျာပါ။

Disney Channel app သို့မဟုတ် video-on-demand မှာ verified account ရှိသူတွေကတော့ ကံကောင်းစွာနှင့် ဒီတစ်ပတ် သောကြာနေ့ ဇူလိုင်လ ၁ရက်မှာ ကြိုတင်ပြီးကြည့်နိုင်မှာဖြစ်ပါတယ်။


( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : TeenVogue