Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Dunkirk ဇာတ်ကားအတွက် လှေပေါ်မှာ ရိုက်ကူးရေးလုပ်ခဲ့တဲ့ Harry Styles

Dunkirk ဇာတ်ကားအတွက် လှေပေါ်မှာ ရိုက်ကူးရေးလုပ်ခဲ့တဲ့ Harry Styles

| No comment



Harry Styles ကို ပြီးခဲ့တဲ့ သောကြာနေ့ (ဇူလိုင် ၈ ရက်) က Dunkirk ဇာတ်ကားအတွက် လှေပေါ်မှာ ရိုက်ကူးရေးပြုလုပ်နေတာတွေခဲ့ရပါတယ်။ ရိုက်ကူးရေးလုပ်နေတာတွေမပြီးသေးတဲ့အပြင် ဇာတ်လမ်းဇာတ်ကွက်အကြောင်းလည်း အများကြီးမသိရသေးပေမယ့် ဒီဓာတ်ပုံတွေထဲမှာတော့ Harry က ဒုတိယကမ္ဘာစစ်ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပါတယ်။

 တိုက်ပွဲဖြစ်တဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးနေတာများဖြစ်လေမလား? ဘာဇာတ်ဝင်ခန်းတွေရိုက်နေတာပဲဖြစ်ဖြစ် Harry က သရုပ်ဆောင်တွေနှင့်အတူ လှေပေါ်မှာနေပြီး ပြင်ဆင်မှုတွေပြုလုပ်ထားခဲ့တာကြောင့် ဘာဘာပဲလာလာအဆင်သင့်ဖြစ်နေပါပြီ။




ဆံပင်ညှပ်ပြီး အားလုံးကိုအံ့အားသင့်စေခဲ့တာကနေ ရိုက်ကွင်းပေါ်မှာ ပရိသတ်တွေနှင့် ဓာတ်ပုံတွဲရိုက်ခဲ့တာတွေအထိ One Direction အဖွဲ့ဝင်ကြယ်ပွင့်က ဆက်လက်ပြီးတော့ ပရိသတ်တွေကို သူရဲ့လာမယ့်ဇာတ်ကားအတွက် တစ်စေ့တစ်စောင်းပြသပေးလျက်ရှိပါတယ်။ ဒီဓာတ်ပုံတွေကိုတွေ့ရတော့ teaser trailer နှင့် Cara Delevingne ရဲ့ ဇာတ်ကား Valerian နှင့်အတူ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်မှာ ဇာတ်ကားအမှန်တကယ်ရုံတင်ဖို့အတွက် ပိုပြီးစိတ်လှုပ်ရှားလာစေပါတယ်။

 Harry ရဲ့ရုပ်ရှင်ဇာတ်ကားကြီး ပွဲဦးထွက်ကိုပိုကောင်းစေမှာကတော့ အဖွဲ့ဝင်တွေသူ့ဘေးမှာနေတာပါပဲ။ သူတို့ရဲ့ One Direction: Where We Are concert film ကအရမ်းကောင်းပေမယ့် သူတို့အားလုံးကို အပြည့်အဝတွဲဖက်တွေအဖြစ်တွေ့ရတာထက်ကောင်းတာ ဘာမှမရှိပါဘူး။

( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : TeenVogue