Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , J.Law နဲ့ ချစ်ခန်းကြိုက်ခန်းတွေ ရိုက်ရတာအလုပ်သဘောသာဖြစ်တယ်လို့ Chris Pratt ဖွင့်ဟ

J.Law နဲ့ ချစ်ခန်းကြိုက်ခန်းတွေ ရိုက်ရတာအလုပ်သဘောသာဖြစ်တယ်လို့ Chris Pratt ဖွင့်ဟ

| No comment

မင်းသား Chris Pratt  က လူပြောများနေကြတဲ့ Jennifer Lawrence နဲ့ ချစ်ခန်းကြိုက်ခန်းတွေ အကြောင်းကို ဖွင့်ဟလာပါတယ်။

၃၇ နှစ်အရွယ် မင်းသားက ၂၅ နှစ်အရွယ် မင်းသမီးဖြစ်သူ Lawrence ရဲ့ ပထမဆုံး ချစ်ခန်းကြိုက်ခန်း ရိုက်ကူးမှုတွေ ပါဝင်ထားတဲ့ မကြာခင်ထွက်ရှိလာမယ့် Passengers ဆိုတဲ့ ရုပ်ရှင်မှာ မင်းသမီးအတွက် သက်တောင့်သက်သာနဲ့ ရိုက်ကူးနိုင်အောင် သူအနေနဲ့ အကောင်းဆုံး ကြိုးစားပေးခဲ့တယ်လို့ ဆိုလာပါတယ်။

ကျွန်တော်တို့ဟာ သရုပ်ဆောင်တွေဖြစ်တဲ့အတွက် ဒီလိုရိုက်ကူးမှုတွေဟာလည်း အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ အဓိကကတော့ အမျိုးသားဇာတ်ဆောင်အနေနဲ့ မင်းသမီးကို ဘယ်လိုသက်တောင့်သက်သာရှိအောင် သရုပ်ဆောင်ပြီး ယုတ္တိရှိစေဖို့က ကျွန်တော့်အလုပ်ပါပဲ လို့ Pratt က  E! News ကို ပြောကြားသွားပါတယ်။

Passengers ရုပ်ရှင်ဟာ စက်ပြင်ဆရာတစ်ဦး ( Pratt ) နဲ့ အာကာသလွန်းပျံယာဉ်ပေါ်မှာ နှစ်ပေါင်း ၉၀ ကျော်ကြာ အိပ်ပျော်ရာမှ နိုးထလာတဲ့ စာရေးဆရာ ( Lawrence ) တို့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။

Passengers ရုပ်ရှင်ကို The Imitation Game helmer Morten Tyldum က ရိုက်ကူးထားတာဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

( Michelle )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : UPI