Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Justice League ဇာတ်ကားအတွက် ပထမဆုံး Trailer ထွက်ရှိလာ

Justice League ဇာတ်ကားအတွက် ပထမဆုံး Trailer ထွက်ရှိလာ

| No comment

Justice League ဇာတ်ကားဟာ ၂၀၁၇ခုနှစ် နိုဝင်ဘာလမတိုင်မှီထွက်ရှိလာမှာမဟုတ်ပေမယ့် Warner Bros ကတော့ လက်လျှော့ခြင်းမရှိပဲ သူတို့ရဲ့ သုံးမိနစ်စာ Trailer တစ်ခုကို Comic-Con က ပြီးခဲ့တဲ့ စနေနေ့တုန်းက တင်ခဲ့ရမှာ DC ပရိတ်သတ်ကြီးအတွက် အုတ်အော်သောင်းတင်းဖြစ်သွားခဲ့ပါတယ်။

ဒီဇာတ်ကားမှာ အားလုံးလည်းသိကြတဲ့အတိုင်း Justice League ရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ Green Lantern ကလွဲလို့ ကျန်တဲ့ ဇာတ်ကောင် ၆ယောက်ဖြစ်တဲ့ Batman, Superman, Wonder Woman, Flash, Aquaman နဲ့ Cyborg တို့ အစုံအလင်ပါဝင်ကြမှာဖြစ်ပါတယ်။


ဒါပေမယ့်ဒီ Trailer မှာတော့ Superman ရဲ့ ဇာတ်ဝင်ခန်းတွေကို ချန်လှပ်ခဲ့ပြီး Batman (Bruce Wayne) က ကျန်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Wonder Woman, Aquaman, Barry Allen (Flash) နဲ့ Cyborg တို့ကို လိုက်လံ ခေါ်ယူပုံကို ထည့်သွင်းထားတာပါ။ Trailer ကိုအောက်မှာ ကြည့်ရှုနိုင်ပါတယ်။


( Beauty Syh )

#သစ်ထူးလွင် (နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Entertainment, Techno Buffalo