Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Justice League ရဲ့ ဇာတ်ကားနမူနာထွက်ရှိ

Justice League ရဲ့ ဇာတ်ကားနမူနာထွက်ရှိ

| No comment


San Diego Comic-Con မှာပြသခဲ့တဲ့အတိုင်း Warner Bros. Pictures က အဖွဲ့သားတွေအားလုံးပါဝင်တဲ့ Justice League ဇာတ်ကားနမူနာနှင့် အဖွဲ့ရဲ့ဓာတ်ပုံသစ်ကို ထုတ်ပေးလိုက်ပါတယ်။

ပြန်လည်ဖြစ်ပေါ်လာတဲ့ လူသားတွေအပေါ်ယုံကြည်စိတ်နှင့် Superman ရဲ့ကိုယ်ကျိုးစွန့်ဆောင်ရွက်မှုတို့၏ လှုံဆော်မှုတို့ကြောင့် Bruce Wayne ဟာ အသစ်တွေ့ရှိတဲ့ မဟာမိတ် Diana Prince ရဲ့အကူအညီနှင့် ပိုမိုကြီးမားတဲ့ရန်သူကို ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။

 ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုအသစ်ကို တွန်းလှန်ဖို့ Batman နှင့် Wonder Woman တို့အတူတကွ စွမ်းအားရှိလူသားများကို ရှာဖွေပြီး အဖွဲ့တစ်ခုထူထောင်ဖို့ အမြန်လှုပ်ရှားကြပါတယ်။ Batman၊ Wonder Woman၊ Aquaman၊ Cyborg နှင့် The Flash တို့ပါဝင်တဲ့ လူစွမ်းကောင်းများအဖွဲကို ဖွဲ့စည်းခဲ့ပေမယ့်  ရုတ်တရက်ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုကနေ ကမ္ဘာကြီးကိုကယ်တင်ဖို့ အရမ်းနောက်ကျသွားနိုင်ပါတယ်။

Ben Affleck၊ Henery Cavill နှင့် Gal Gadot တို့က DC ရဲ့ Batman၊ Superman နှင့် Wonder Woman သုံးယောက်အုပ်စုအဖြစ် Justice League မှာပြန်လည်ပါဝင်ပြီး Aquaman အဖြစ် Jason Mamoa၊ Cyborg အဖြစ် Ray Fisher၊ The Flash အဖြစ် Ezra Miller တို့လည်းပါဝင်မှာပါ။

 ဒီဇာတ်ကားမှာ Amber Heard ကလည်း Queen Mera အဖြစ်ပါဝင်မှာဖြစ်ပြီး  အဲဒီနောက်တော့ ၂၀၁၈ ခုနှစ်ရဲ့  Aquaman တစ်ကိုယ်တော်ရုပ်ရှင်မှာ Wilem Dafoe က လျှို့ဝှက်ထားတဲ့ ဇာတ်ကောင်၊ Commissioner Gordon အဖြစ် J.K.  Simmon တို့နှင့်အတူ ပါဝင်မှာပါ။

Zack Synder (Batman v Superman: Dawn of Justice) ရိုက်ကူးမည့် Justice League ဇာတ်ကားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှာပြသမှာဖြစ်ပါတယ်။






( RII )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : Coming Soon