Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Justin Timberlake တစ်ယောက် ဂေါက်ရိုက်ပြိုင်ပွဲမှာ ပါးရိုက်ခံရ

Justin Timberlake တစ်ယောက် ဂေါက်ရိုက်ပြိုင်ပွဲမှာ ပါးရိုက်ခံရ

| No comment


Justin Timberlake တစ်ယောက် ဒီတစ်ပတ် ပိတ်ရက်က ပြုလုပ်ခဲ့တဲ့ ဂေါက်ရိုက်ပြိုင်ပွဲတစ်ခုမှာ ပါးရိုက်ခံလိုက်ရလို့ အံ့အားသင့်ခဲ့ရပါတယ်။

Lake Tahoe, Nev မှာ စနေနေ့က ကျင်းပခဲ့တဲ့ American Century Pro-Am ဂေါက်ရိုက်ပြိုင်ပွဲမှာ အသက် ၃၅ နှစ်အရွယ် အဆိုတော် Justin Timberlake ရဲ့ပါးကို ပရိသတ်တစ်ဦးက ပါးရိုက်ခဲ့တာဖြစ်ပါတယ်။

TMZ သတင်းဌာနအဆိုအရ Timberlake က အရေးယူဆောင်ရွက်တာမျိုး မလုပ်ချင်ပေမယ့် ကျူးလွန်သူကိုတော့ ရဲတွေက ထိန်းသိမ်းခဲ့ကြတယ်လို့ သိရပါတယ်။

“ ခင်ဗျား ဘာလို့ ဒီလိုလုပ်ရတာလဲ” လို့ မေးမြန်းပြီး ဒေါသထွက်နေတဲ့ Timberlake ရဲ့ အသံကိုလည်း ဗီဒီယိုထဲမှာ ကြားရမှာဖြစ်ပါတယ်။


ဂေါက်ရိုက်ပြိုင်ပွဲကို Justin Timberlake က အနိုင်ရရှိသွားသူ Mark Mulder နဲ့အတူ Stephen Curry, Aaron Rodgers , Ray Romano တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။



( Michelle )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref : UPI